လက်လုပ်ပြောင်းကွဲလို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်စိတ်မှူး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ က ရဲဘော်တဦး လက်နက် မတော်တဆဖြစ်ပြီး ကျဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက် ည ၈ နာရီလောက်မှာ ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်သားနဲ့ရဲတွေကို ၆၀ မမ လက်လုပ်စိန်ပြောင်းနဲ့ တိုက်ခိုက်ခဲ့ချိန်မှာ ပြောင်းကွဲပြီးကျဆုံးခဲ့တာပါ။

ကျဆုံးခဲ့တဲ့ အသက်၃၀အရွယ် တပ်စိတ်မှူး ဖိုးကျော်ရဲ့ အလောင်းကို ပြန်သယ်လာနိုင်ခဲ့ပြီး အောက်တိုဘာ ၃၀ ရက် မနေ့က နေ့လယ် ၁ နာရီလောက်မှာ သူ့ရဲ့စျာပနအခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

တပ်စိတ်မှူးရဲ့ စျာပနအခမ်းအနားကို ရဲဘော် ၁၀၀ ကျော်နဲ့ပြည်သူ စုစုပေါင်း ၄၀၀ ဝန်းကျင် ပါဝင်ခဲ့ကြသလို မိသားစုဝင်တွေလည်း ပါဝင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လက်နက်ကိုင်တော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်းမှာ စစ်ကောင်စီကိုတော်လှန်ရင်း ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ အဖွဲ့က အခုကျဆုံးခဲ့တဲ့ တပ်စိတ်မှူး အပါအဝင် ၁၂ ဦးအထိကျဆုံးထားပြီး ဒဏ်ရာရရဲဘော် ၅ ဦးရှိတယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မြေလတ်သတင်း #ဆားလင်းကြီး #ယင်းမာပင်ခရိုင် #တပ်ရင်း၁၆ #တပ်စိတ်မှူး #လက်လုပ်ပြောင်းကွဲ #ကျဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10