လက်အောက်စစ်သားတွေ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်နေဖို့ စစ်ခေါင်းဆောင် သတိပေး

လက်အောက်စစ်သားတွေ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်နေဖို့ စစ်ခေါင်းဆောင် သတိပေး

အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်နေဖို့နဲ့ ပေးအပ်တဲ့အမိန်နဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ကြဖို့ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းရဲ့လက်အောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သတိပေး မှာကြားပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ ဧရာဝတီတိုင်းကိုရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်က မနေ့နေ့လယ်ပိုင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်ရှိ လက်အောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ဆုံပြီး အခုလိုမှာကြားခဲ့တာပါ။

ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ဖို့ တဦးချင်းကျန်းမာကြံ့ခိုင်မှုရှိနေရမှာဖြစ်ပြီး အမြဲတမ်းတိုက် ပွဲဝင်အသင့်ဖြစ်စေရေးအတွက် လေ့ကျင့်နေရမှာဖြစ်ကြောင်း၊ ဒါ့အပြင် ပေးအပ်တဲ့အမိန့်နဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန်လိုကြောင်းနဲ့ စည်းစည်းလုံးလုံးနေကြဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

လက်ရှိမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေတဲ့ ဧရာဝတီတိုင်းအပါအဝင် တိုင်းဒေသကြီးအချို့ကလွဲရင် နိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ တပ်မမှူးအဆင့်ကစလို့ တော်လှန်ရေးတပ်တွေထံ အလံဖြူထောင်ပြီး လက်နက်ချအညံ့ခံတာတွေ များပြားနေတာပါ။

အဲ့ဒီလို နိုင်ငံအနှံ့စစ်ရေးမှာရှုံးနိမ့်နေတာကြောင့် ပြင်ဦးလွင်မြို့မှာပြုလုပ်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို ဆန့်ကျင်ပွဲမှာ မဘသဆရာတော်တွေနဲ့ စစ်တပ်ထောက်ခံသူတွေဦးဆောင်ပြီး တပ်ချုပ်ရာထူးကနေ နှုတ်ထွက်ပေးဖို့လည်း စည်းရုံးဟောပြောမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဧရာဝတီတိုင်းကိုရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်က ဒီကနေ့မှာတော့ ငပုတောမြို့နယ်ရှိ၊ မော်တင်စွန်း ဘုရားကို သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #သတိပေး #အမြဲတမ်းတိုက်ပွဲဝင်ရန် #အသင့် #နတခ #ပုသိမ် #တွေဆုံပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10