လင်းကတောနယ်မြေရဲစခန်းက ရဲဒုတပ်ကြပ် မြိုင်ပကဖဆီ အလင်းဝင်

လင်းကတောနယ်မြေရဲစခန်းက ရဲဒုတပ်ကြပ် မြိုင်ပကဖဆီ အလင်းဝင်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းက ရဲဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်မြို့နယ်ဆီ အလင်းဝင်ရောက်လာတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ရဲဒုတပ်ကြပ် ရဲဇော်ဦးဟာ ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ G 3 ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၁၅၀ တောင့်နဲ့အတူ အလင်းဝင်လာခဲ့တာဖြစ်ပြီး သူ့ကို သိန်း ၁၅၀ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ 

"သူက ရခိုင်ကနေ ၂၀၂၁ ခုနှစ်၊ ၁၁ လပိုင်းက လင်းကတောနယ်မြေရဲစခန်းကို အပြောင်းကျလာတာ။ သူက သေနတ်ပါမယ်။ ကျ‌နော်တို့နဲ့ ပေါင်းချင်လို့ပါဆိုလို့ ဒီနေ့ နေ့လယ် ၂ နာရီမှာ လင်းကတောနယ်မြေရဲစခန်းရဲ့ မိတာ ၁၀၀ အကွာကနေ စောင့်ပြီး ကားပေါ်တင်ခေါ်လာခဲ့တာ" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။ 

လက်ရှိမှာတော့ အဆိုပါရဲဒုတပ်ကြပ်ကို မြိုင်ပကဖ စခန်းမှာပဲ ထားရှိပြီး ရှေ့ဆက်ပြီးတော့လည်း မြိုင်ပကဖနဲ့ပေါင်းပြီး စစ်ကော်စီကို တိုက်ခိုက်သွားမှာလို့ ဆိုပါတယ်။ 

ရဲဒုတပ်ကြပ်အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် အဖွဲ့ဆီ အလင်းဝင်လာသူ စုစုပေါင်း ၄၇ ဦး ရှိပြီလို့လည်း ဗိုလ်လက်ယာက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မြိုင် #လင်းကတော #ရဲဒုတပ်ကြပ် #အလင်းဝင် #မြိုင်PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10