လင်းကတောရဲစခန်းသိမ်းတိုက်ပွဲ လေကြောင်းကပစ်ခံရလို့ ရဲဘော် ၉ ဦး တိုက်ပွဲကျ

လင်းကတောရဲစခန်းသိမ်းတိုက်ပွဲ လေကြောင်းကပစ်ခံရလို့ ရဲဘော် ၉ ဦး တိုက်ပွဲကျ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းသိမ်းတိုက်ပွဲမှာ လေကြောင်းပစ်ခတ်ခံရမှုကြောင့် မြိုင်နဲ့ ရေစကြိုပကဖတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့တယ်လို့ မြိုင်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

မြိုင်နဲ့ရေစကြိုမြို့နယ်အစပ်၊ ပုသိမ်-မုံရွာလမ်းမပေါ်ရှိ စစ်အင်အား ၁၀၀ ကျော်တပ်စွဲနေတဲ့ လင်းကတောရဲစခန်းကို တိုက်ခိုက်နေစဉ်အတွင်း ဒီဇင်ဘာ ၇ ရက်  မနေ့ ညနေ ၃ နာရီကျော်မှာ  စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရတာလို့ ဆိုပါတယ်။

" စခန်းအခြေတွေအထိ ရောက်နေပြီ။ လက်နက်ချဖို့ ပြောနေတဲ့အချိန်မှာ လေကြောင်းလာတော့ ရဲဘော်တွေက စခန်းနဲ့မျက်နှာချင်းဆိုင်ကတိုက်ထဲ ဝင်ခိုတာ။ အဲ့ဒီတိုက်ကို ပစ်ချလိုက်တာ။ အကုန်ထိတာပဲ။ တစစီ လိုက်ကောက်ရတယ်"လို့ မြေပြင်တော်လှန်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

လင်းကတောရဲစခန်းကို စစ်တပ်အင်အားဖြည့်ပြီးနောက်ပြီး နိုဝင်ဘာလကုန်ပိုင်းမှစတင်ကာ  တော်လှန်ရေးတပ်တွေက ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး အနီးကပ်တိုက်ပွဲကို ဒီဇင်ဘာ ၄ ရက်က စတင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လက်ရှိအတည်ပြုနိုင်တဲ့စာရင်းအရ ရေစကြိုမြို့နယ်ပကဖတပ်ဖွဲ့ဝင် ၄ ဦး၊ မြိုင်ပကဖအဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်းသိရပြီး အရေအတွက်ထပ်တိုးနိုင်သေးတယ်လို့ ဆိုပါတယ်။

အဲ့ဒီရဲစခန်းမှာ မြိုင်မြို့နယ်မြောက်ပိုင်းမှာ တခုတည်းကျန်ရှိနေတဲ့ရဲစခန်းဖြစ်ပြီး ရေစကြိုမြို့နယ်က ဖူလုံရေးတပ်ကို ကာကွယ်ထားတဲ့ရဲစခန်းဖြစ်ကာ စခန်းသိမ်းတိုက်ပွဲ လေကြောင်းတိုက်ခိုက်မှုမှာ ရဲဘော်တွေအကျအဆုံးများခဲ့တာကြောင့် တပ်ပြန်ဆုတ်ခဲ့ရပြီး ရဲစခန်းကိုလည်း မရရှိခဲ့ဘူးလို့လည်း သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #မြိုင် #ရေစကြို #လင်းကတောရဲစခန်း #တိုက်ပွဲ #လေကြောင်းပစ်ခတ် #ပကဖရဲဘော် #ကျဆုံးမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10