လင်းဇင်း ရဲစခန်းကထွက်လာတဲ့ စစ်ကြောင်း ၃ ရက်တာတိုက်ခိုက်ခံရပြီး ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် လင်းဇင်းတိုက်နယ် ရဲစခန်းကထွက်လာတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၇၀ ဝန်းကျင်ပါ စစ်ကြောင်းကို ၃ ရက်ဆက် တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဇွန် ၅ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ သဖန်းညိုရွာဘက်ကနေ အနောက်ဘက်ကို တက်လာတဲ့အချိန် ဆွယ်တယ်ရွာရဲ့ အနောက်ဘက်တောထဲကနေ ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကာ ည ၈ နာရီအချိန်ထိ တိုက်ပွဲဖြစ်ခဲ့တာလို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းက ဇွန် ၆ ရက် မနက်မှာလည်း ကံချောက်ရွာရဲ့ အရှေ့ဘက်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အသက် ၇၀ အရွယ်အဖွားတဦး လက်နက်ကြီး အစမှန်ကာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ အဲဒီနေ့ မနက် ၇ နာရီဝန်းကျင်မှာပဲ စစ်အုပ်စုနဲ့ မဟာမိတ်အဖွဲ့တွေ ကံချောက်ရွာအဝင်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

အလားတူ ဇွန် ၇ ရက်မှာ စစ်ကောင်စီစစ်ကြောင်းက စလင်းချောင်းအတိုင်းတက်လာကာ မနက် ၆ နာရီကစပြီး နေ့လယ် ၁၂ နာရီအထိ တိုက်ပွဲကပြင်းထန်ခဲ့ပြီး မွန်းလွဲ ၃ နာရီလောက်မှာ ပြန်ဆုတ်သွားတယ်လို့  မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ 

၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးဒဏ်ရာရခဲ့ပြီး ထိခိုက်သေဆုံးစာရင်းကိုတော့ စစ်ကြောင်းတွေရှိနေသေးလို့ အတိအကျ မရနိုင်သေးဘူးလို့ ဆိုပါတယ်။

အဆိုပါ အင်အား ၇၀ ပါစစ်ကြောင်းဟာ ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ က စစ်သားတွေဖြစ်ပြီး ပွင့်ဖြူမြို့နယ်က ပျူစောထီးတွေနဲ့ လင်းဇင်းတိုက်နယ်ရဲစခန်းက ရဲတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ မင်းဘူးခရိုင်အမှတ် ၁ညတပ်ရင်း၊ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်း၊ စလင်းမြို့နယ် ပကဖ၊ SLN(PDF)၊ မိုးကြိုးပျောက်ကြား၊ မကွေးခရိုင်တပ်ရင်း ၁၊ မကွေးတိုင်းလက်ရုံးDroneအဖွဲ့ ၊ ဒေါင်းစစ်အောင်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စလင်း #လင်းဇင်းတိုက်နယ် #ရဲစခန်း #စစ်အုပ်စုစစ်ကြောင်း #တိုက်ခိုက်ခံရ #စစ်သား #ရဲ #ပျူစောထီး #ထိခိုက် #တိုက်ပွဲ #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10