လမ်းပေါ်တက်လာတဲ့ စိတ်ကျန်းမာရေးချို့ယွင်းသူကို ရှောင်ရာက ကား ၂ စီး တိုက်မိပြီး ၁ ဦးသေ ၃ ဦးဒဏ်ရာရ

လမ်းပေါ်တက်လာတဲ့ စိတ်ကျန်းမာရေးချို့ယွင်းသူကို ရှောင်ရာက ကား ၂ စီး တိုက်မိပြီး ၁ ဦးသေ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကျွဲဘိကျေးရွာအနီး ရန်ကုန်-ပြည်အဝေးပြေး လမ်းပေါ်တက်လာတဲ့ စိတ်ကျန်းမာရေးမကောင်းသူကို ရှောင်ရာမှ ကား ၂ စီးတိုက်ပြီး ၁ ဦးသေ ၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၃ ရက် ည ၈ နာရီခွဲခန့်မှာ ဇီးကုန်းဘက်ကနေ ကြို့ပင်ကောက်ဘက်ကိုလာတဲ့ ဒိုင်နာယာဥ်နဲ့ ကြို့ပင်ကောက်ဘက်ကနေ ဇီးကုန်းဘက်ကိုသွားတဲ့ ၆ ဘီးကုန်တင်ယာဥ်ဟာ လမ်းပေါ်ရှိနေတဲ့ လူကိုရှောင်ရာမှ ယာဥ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"ဖြစ်တဲ့ ကားတွေကလာချိန် စိတ်ကျန်းမာရေးမကောင်းသူက ရုတ်တရက် လမ်းပေါ်တက်လာတာမြင်ပြီး ကား ၂ စီးက ရှောင်ရင်း မျက်နှာချင်းဆိုင်ပုံစံ တိုက်မိကြတာ။ ဒိုင်နာယာဥ်ပိုင်ရှင်ကတော့ နေရာမှာပဲဆုံးသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ဒိုင်နာယာဥ်ပိုင်ရှင် ကိုသူ ၃၄ နှစ်၊ ဇီးကုန်းနေသူ သေဆုံးပြီး၊ ဒိုင်နာယာဥ်ပေါ်ပါ အသက် ၂၈ နှစ်အရွယ် ကိုကျော်သက်နဲ့ အသက် ၆ နှစ်အရွယ် ကလေး ၁ ဦး၊ စိတ်ကျန်းမာရေးချို့ယွင်းနေသူ အသက် ၃၀ အရွယ် အမျိုးသားတို့ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

ယာဥ်တိုက်မှုကြောင့် သေဆုံးသွားသူကိုတော့ နေအိမ်ကို ပြန်ပို့ပေးခဲ့ရပြီး ဒဏ်ရာရသူတွေကိုတော့ ပြည်ဆေးရုံကို ဒေသခံတွေက ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဇွန်လ ၄ ရက် မနက်အစောပိုင်းက ကြို့ပင်ကောက်မြို့နယ်၊ ကျွဲဘိကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ စက်ပျက်လို့ ရပ်ထားတဲ့ကားကို ဝင်တိုက်တဲ့ ဆိုင်ကယ်စီးလာသူ ၂ ဦးလည်း နေရာမှာဘဲ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ကြို့ပင်ကောက် #ယာဉ်တိုက်မှု #ရန်ကုန် #ပြည်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10