လမ်းပြခေါ်လာတဲ့ ဒေသခံ ၇ ဦးကို PDF စခန်းထဲထည့်ပြီး စစ်ကောင်စီက မီးရှို့သတ်သွား  (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ Yesagyo Revolution Group (YRG)ရဲ့ စခန်းကို စစ်ကောင်စီက စီးနင်းမီးရှို့ပြီး စခန်းနဲ့အတူ ပြည်သူ ၇ ဦးကိုလည်း မီးရှို့သတ်သွားတယ်လို့ YRG တာဝန်ခံက ပြောပါတယ်။ 

မေ ၁၉ ရက် မနက် ၅ နာရီခန့်မှာ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန် တပ်မဌာနချုပ်လက်အောက်ခံ ခလရ  ၂၅၇ ၊ ခလရ ၂၅၈ ၊ ခလရ  ၂၅၉ က စစ်သား အင်အား ၃၀၀ လောက်က YRG စခန်းစီးနင်းမီးရှို့ပြီး လမ်းပြခေါ်လာတဲ့ အမျိုးသား ၆ ဦး အမျိုးသမီး ၁ ဦးတို့ကိုပါ စခန်းထဲမှာ မီးရှို့သတ်သွားကြတာပါ။ 

သတ်ဖြတ်ခံရသူတွေဟာ ကျောက်ထပ်ရွာက အမျိုးသား ၆ ဦး အမျိုးသမီး ၁ ဦးဖြစ်ပြီး စစ်ကြောင်းက မနက်အစောပိုင်း အလစ်ငိုက်ဝင်ရောက်လာတာဖြစ်လို့ အမြန်ရှောင်တိမ်းခဲ့ရတယ်လို့ YRG တာဝန်ခံက ပြောပါတယ်။ 

စခန်းမီးရှို့ခံရမှုမှာတော့ ကျည်မျိုးစုံ၊ မိုင်းဆက်စပ်ပစ္စည်း၊ ကား ၁ စီး၊ စားနပ်ရိက္ခာ ကာလ တန်ဖိုး သိန်း ၈၀၀ လောက်ဆုံးရှုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီစစ်သားတွေက ကျောက်ထပ်ရွာ အိမ် ၃၇ လုံး၊ ဇီးတောရွာ အိမ် ၄၀ မီးရှို့သွားပြီး ကျောက်ထပ်ရွာ၊ ဇီးတောရွာ၊ သဲတောရွာနဲ့ ကွမ်းသီးကန်ရွာတို့က ပြည်သူ ၁ ထောင်ကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

တိုက်ခိုက်ပြီးနောက်မှာ စစ်ကြောင်းက ပခုက္ကူမြို့  နည်းပညာတက္ကသိုလ် GTC ကျောင်းထဲကို ပြန်သွားတယ်လို့ Yesagyo Revolution Group (YRG) တာဝန်ခံက ပြောပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစကြို #စစ်အုပ်စု #မီးရှို့သတ်သွား #လမ်းပြဒေသခံ၇ဦး #YRGPDFစခန်း #စီးနင်းမီးရှို့ခံရ #သိန်း၈၀၀ဆုံးရှုံး #ပြည်သူ၁ထောင်ကျော် #ထွက်ပြေးနေ #စစ်သား #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10