လမ်းပြင်ရထား လက်နက်ကြီးနဲ့ပစ်ခံရလို့ စစ်သား ၁ ဦးသေ ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သူကြီးဘူတာကနေ ရထားလမ်းပြုပြင်ဖို့ ထွက်လာတဲ့ မီးရထားကို ဝက်လက်မြို့နယ်အစပ် ခခဘူတာနဲ့ ထန်းကြီးဘူတာအကြားမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက  လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Bo Tiger-ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။

ဗိုလ်ကျားကြီးတို့အဖွဲ့က မကြာသေးမီကပဲ မြစ်ကြီးနားလမ်းပိုင်းကို ရထားပြေးဆွဲလို့မရအောင် အဟန့်အတားတွေ ပြုလုပ်ခဲ့ပြီး အဲ့ဒီနေရာကို  စစ်အုပ်စုက စက်တင်ဘာ ၂၅ ရက် မနေ့က ပြင်ဖို့လာချိန်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

"ကျနော့်တို့ အစောပိုင်းက မြစ်ကြီးနားလမ်းပိုင်ကို အဟန့်အတားဖြစ်အောင်လုပ်ခဲ့တာ။ အဲ့ဒါလာပြင်ဖို့လာတော့ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမတွေနဲ့ ပစ်ခဲ့တာ။ လက်နက်ကြီး ၁၂၀ မမ အလုံး ၂၀၊ ၆၀ မမ ၁၀ လုံးလောက်ပစ်ခဲ့တယ်။ ထိခိုက်သေဆုံးမှုကတော့ သူတို့ဘက်က စစ်သား ၁ ဦးသေပြီး ၅ ဦးဒဏ်ရာရတယ်။" လို့ Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

စက်ခေါင်း ၂ ခေါင်း၊ အတွဲ ၈ တွဲနဲ့ အဲ့ဒီရထားပေါ်မှာ စစ်ကိုင်းတပ်မ ၃၃က စစ်သားအင်အား ၅၀ ဝန်းကျင်ပါလာပြီး ပစ်ခတ်ခံရလို့ ရှေ့ဆက်မသွားနိုင်ဘဲ ခခဘူတာနဲ့ ထန်းကြီးဘူတာအကြားမှာပဲ ရပ်ထားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Bo Tiger-ဗိုလ်ကျားကြီး နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

#စစ်ကိုင် #သူကြီးဘူတာ #စစ်အုပ်စုမီးရထား #တိုက်ခိုက်ခံရ #တပ်မ၃၃ #စစ်ကောင်စီ #ထိခိုက် #PDF #ရုပ်သံသတင်း #ဗိုလ်ကျားကြီးအဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10