လမ်းဖျက်ဖို့လာတဲ့ စစ်ကောင်စီအဖွဲ့ ချုံခိုအတိုက်ခံရလို့ သေဆုံးမှုများပြီး သေနတ်တလက်ရ

လမ်းဖျက်ဖို့လာတဲ့ စစ်ကောင်စီအဖွဲ့ ချုံခိုအတိုက်ခံရလို့ သေဆုံးမှုများပြီး သေနတ်တလက်ရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှာလမ်းဖျက်ဖို့လာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများကာ သေနတ်တလက်ရရှိခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အောက်တိုဘာ ၁ ရက် မနေ့ နေ့လယ် ၁၂ နာရီကျော်မှာ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဟာ ပုဇွန်မြောင်းရွာနဲ့ ပျဥ်ရေရွာ၊ ဝိုင်ကျေးရွာတွေကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းတွေကို ဖျက်ဆီးဖို့လာရောက်စဉ် ဆွဲဒလဲအပိုင်း၊ အောင်ချမ်းသာရပ်ကွက်အထွက်အနီးမှာ ချုံခိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"လမ်းဖျက်တဲ့ ဘက်ဟိုးနဲ့အတူ လာတာကိုတွေ့လို့ ပစ်တာ။ ကျနော်တို့ဘက်က လက်ဦးမှုရပြီး ပစ်လိုက်နိုင်တယ်။ တိုက်ပွဲကတော့ ၅ နာရီနီးပါး ဖြစ်လိုက်တယ် "လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး သေနတ်တလက်ရရှိသလို လမ်းဖျက်ဖို့ယူလာတဲ့ ဘက်ဟိုးယာဥ်ကိုလည်း မီးရှို့ဖျက်ဆီးလိုက်နိုင်ခဲ့ပြီး PDF တဦးလည်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ သူကဆိုပါတယ်။

လတ်တလောအခြေနေမှာတော့ ပုဇွန်မြောင်းကျေးရွာထဲမှာ စစ်ကောင်စီအဖွဲ့က တပ်စွဲနေထိုင်နေသလို ကာကွယ်ရေးတပ်တွေဘက်ကလည်း ဆက်လက်တိုက်ခိုက်ဖို့ လုပ်နေတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို KNLA တပ်မဟာ ၃၊ Fire Dragon PDF၊ နွေဦးစစ်သည်တော်၊ PDF တပ်ရင်း ၃၇၀၂ ၊ တော်ဝင်ဒေါင်းအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာ ၂၉ ရက်နေ့ မနက်အစောပိုင်းမှာလည်း ပုဇွန်မြောင်းကျေးရွာကို လာရောက်တိုက်ခိုက်တဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား အချိန် ၁၀ နာရီကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - တိုက်ပွဲအတွင်းသေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် မီးရှို့ဖျက်ဆီးခံရသည့် ဘက်ဟိုး(မြေတူးစက်)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #တိုက်ပွဲသတင်း #ချုံခိုတိုက်ခိုက် #KNLA #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10