လမ်းဘေးရေမြောင်းထဲ ရေဆင်းကူးတဲ့ကျောင်းသား ၂ ဦး ရေနစ်သေဆုံး

လမ်းဘေးရေမြောင်းထဲ ရေဆင်းကူးတဲ့ကျောင်းသား ၂ ဦး ရေနစ်သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြိုနယ်၊ ကျောင်းကုန်းကျေးရွာအနီး ဆည်မြောင်းနံဘေးကန်ထဲမှာ ရေဆင်းကူးတဲ့ ကျောင်းသား ၂ ဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင်လ ၁၈ ရက်ဒီမနက် ၈ နာရီခွဲလောက်မှာ ကြိုပင်ကောက်မြို့၊ ရွာမမြောက်၊ ဗောဓိ ၃ လမ်းနေ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မောင်ကိုကိုထွန်း နဲ့ အသက် ၉ နှစ်အရွယ် ၃ တန်းကျောင်းသား မောင်ထက်မြတ်တို့ ၂ ဦးဟာ အနက် ၆ ပေကျော်ရှိတဲ့ ရေမြောင်းထဲ ရေဆင်းကူရာမှာ ရေနစ်နေခဲ့ကြတာလို့ ဆိုပါတယ်။

"ကလေးတွေက ကျောင်းပြေးပြီး ရေဆင်းကူးတာနေမယ်။ ရေနစ်နေတာကို လမ်းသွားလမ်းလာတွေက တွေ့ရာကနေ ဝိုင်းဆယ်ကြတာ။ သူတို့ရေနစ်တဲ့နေရာ ဆည်မြောင်းဘေးမှာ ဘတ်ဟိုးတွေနဲ့ မြေတူးထားတဲ့ မြောင်းလိုဖြစ်နေတဲ့နေရာမှာ ဖြစ်တာ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကလေး ၂ ဦး ရေနစ်နေတာကိုသိသိချင်း ပတ်ဝန်းကျင်ရှိပြည်သူတွေက ဝိုင်းဝန်းရှာဖွေကြပေမယ့် မိနစ် ၂၀ ကျော်လောက်အကြာမှာ သေဆုံးနေတဲ့ ကလေးတွေရဲ့ အလောင်းကိုသာ ပြန်ဆယ်ယူရခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကလေးတွေရဲ့အလောင်းကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက ကြို့ပင်ကောက်ပြည်သူ့ ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #ရေနစ်သေဆုံး #လမ်းဘေးမြောင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10