လမ်းမပေါ်မိုင်းရှင်းနေတဲ့ တပ်မ ၃၃ တပ်သားတွေ တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တ‌လေးလမ်းမကြီးပေါ်က ကန်ဖျားဇရပ်အနီး မိုင်းရှင်းလင်းရေးလုပ်နေတဲ့ တပ်မ ၃၃ က စစ်ကောင်စီတပ်သားတွေကို အီနာဂါ (M9 Rifle grenade) ၁ လုံးနဲ့ ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force M.N.R.F ဆီက သိရပါတယ်။ 

အောက်တိုဘာ ၁၁ ရက် နေ့လယ် ၁၀ နာရီခွဲမှာ MNRF အဖွဲ့က အဆိုပါ မိုင်းရှင်းနေတဲ့ အင်အား ၆၀ ခန့်ပါတဲ့ စစ်အုပ်စုကို ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ Moe Nyo Revolution Force M.N.R.F တပ်မှူး မိုးညိုက ပြောပါတယ်။ 

တိုက်ခိုက်မှုကြာချိန် ၈ မိနစ်ခန့်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က စက်လတ်နဲ့ပြန်ပစ်တဲ့အတွက် ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ တပ်မှူး မိုးညိုက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ဒဏ်ရာရရှိသူတွေလည်းရှိ​တယ်လို့ တပ်မှူး မိုးညိုက ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဟာ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှင်းလင်းရေးလုပ်နေတာ ၁ ပတ်ခန့်ရှိနေပြီး တိုက်ပွဲဖြစ်ပြီးနောက်မှာ အင်အားထပ်မံဖြည့်တင်းကာ နယ်မြေရှင်းလင်းရေးနဲ့ မိုင်းရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်ကလည်း မြင်းမူမြို့အဝင်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို Moe Nyo Revolution Force M.N.R.F အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #တိုက်ပွဲ #တပ်မ၃၃ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10