လမ်းလျှောက်လာသူ လူငယ် ၂ ဦးကို PDF ထောက်ပို့ဆိုပြီး စစ်ကောင်စီဖမ်းဆီး

လမ်းလျှောက်လာသူ လူငယ် ၂ ဦးကို PDF ထောက်ပို့ဆိုပြီး စစ်ကောင်စီဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ မြောက်ဘက်ရွာနဲ့ ပေါက်မြို့အကြားလမ်းမှာ လမ်းလျှောက်လာတဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
 
ဧပြီလ ၉ ရက်ဒီကနေ့မနက် ၁၀ နာရီခွဲခန့်မှာ လမ်းလျှောက်လာတဲ့ အသက် ၂၀ ကျော်အရွယ်လူငယ် ၂ ဦးဟာ စစ်ကောင်စီလှည့်ကင်းနဲ့တွေ့ပြီး ဖုန်းတွေ စစ်ဆေးခံရတာကနေ PDF ထောက်ပို့ဆိုကာ ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတဦးက ပြောပါတယ်။
 
"ကောင်လေး ၂ ယောက်က သူတို့ဟာ သူတို့လာတာ။ အဲဒါ စကစ လှည့်ကင်းအဖွဲ့နဲ့တိုးပြီး ဖုန်းယူစစ်ပြီး ကားပေါ်ကောက်တင်ဖမ်းသွားတာ။ အဲ့ဒီကလေးတွေက ဘာလုပ်တဲ့သူတွေလည်း ဆိုတာတော့မသိရဘူး"လို့ ပြောပါတယ်။
 
ဖမ်းဆီးခံရသူ ၂ ဦးဟာ မြောက်ဘက်ကျေးရွာနေ အသက် ၂၀ ကျော်ဝန်းကျင်အရွယ် ဇော်ဝင်းထွန်းနဲ့ နိုင်လင်းကျော်တို့ ၂ ဦးဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီတပ်က စစ်ကြောရေးကို ခေါ်သွားကာ စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။
 
မတ်လ ၁၄ ရက်နေ့က ပေါက်မြို့နယ်၊ စံဖဲရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ဒေသခံအမျိုးသား ၈ ဦးကို လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ခုချိန်ထိ အဆက်အသွယ်ပြန်မရသေးဘူးလို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10