လမ်းသွားပြည်သူတွေကို ငွေတောင်းနေတဲ့စစ်အုပ်စု လောင်ချာနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံးဟုဆို

လမ်းသွားပြည်သူတွေကို ငွေတောင်းနေတဲ့စစ်အုပ်စု လောင်ချာနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အမြင့်လမ်းထိပ်ရှိ လဝကရုံးရှေ့မှာ လမ်းသွားလမ်းလာပြည်သူတွေကို ငွေတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီလ ၁၈ ရက်ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခံရတာကြောင့် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ရုံးထဲမှာတပ်စွဲထားတဲ့ စစ်သားတွေထဲက ၇ ဦးမှာ လမ်းသွားပြည်သူတွေကို စစ်ဆေးမှုတွေလုပ်ပြီး ငွေတောင်းနေချိန် ၇၉ မမ လောင်ချာနဲ့ ၃ ချက်ပစ်ခတ်ခဲ့တာလို့ မုံရွာခရိုင်တပ်ရင်း (၇) - Lightning People Defence Forceအဖွဲ့ တာဝန်ခံကပြောပါတယ်။
 
“ဒီနေ့မနက် ၃ နာရီလောက်က မုံရွာမြို့နယ် လဝက ရုံးကိုဝင်ပစ်ခဲ့တာ၊ *၃ ကောင်က ကျနော်တို့သွားပစ်တဲ့ ရဲဘော်တွေရဲ့မျက်စိရှေ့မှာတင် သေတာ၊ ကျန်တဲ့အထိအခိုက်စာရင်းတော့ အတိအကျမသိရသေးဘူး၊ အရပ်ဝတ်တွေနဲ့ဆိုတော့ ဘယ်တပ်ကလို့တော့မသိရဘူး၊ ယူနီဖောင်းလည်းဝတ်မထားဘူး၊ အဲဒီ လဝက ရုံးကို *တွေက ဝင်လိုက်ထွက်လိုက်လုပ်ပြီး ခဏခဏ လမ်းသွားပြည်သူတွေကိုစစ်ဆေးပြီးတော့ ငွေတွေတောင်းတာကြောင့် ပစ်ခတ်ခဲ့တာ” လို့ ဆိုပါတယ်။
 
ဒီတိုက်ခိုက်မှုအတွင်း စစ်သားသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ တိုက်ခိုက်ခံရပြီးနောက် အဲ့ဒီနေရာတဝိုက်ကို စစ်ကောင်စီဘက်က စစ်ကား ၂ စီးနဲ့ကင်းလှည့်နေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်မှာလည်း နှစ်သစ်ကူးအထိမ်းအမှတ်အဖြင့် မုံရွာမြို့က စစ်ကြောရေးတွေလုပ်‌နေတဲ့ မြို့တော်ခန်းမထဲကို မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Forceအဖွဲ့က ၄၀ မမ နဲ့ ၂ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10