လမ်းသွားလမ်းလာတွေကို ငွေတောင်းနေတဲ့ စစ်တပ်ဂိတ် တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲမှာ တပ်အခိုင်အမာလုပ်ထားပြီး လမ်းသွားလမ်းလာတွေကိုငွေတောင်းနေတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့တာ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ T.G.R Wormen Drone Force အဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂၅ ရက် နေ့လယ် ၁ နာရီလောက်က စစ်သား ၃၀ ဦးဝန်းကျင်နဲ့ ခရီးသွားကားတွေကို မန္တလေး-မုံရွာအမြန်လမ်းမပေါ် မြောင်လမ်းခွဲမှာ ဆပ်ကြေးကောက်နေတာကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

"အဲ့ဒီမှာ သူတို့တွေက ကတုတ်ကျင်းတွေ ဘန်ကာတွေ အခိုင်အမာဆောက်ပြီးတော့ သူတို့ရိက္ခာရရေးအတွက် မန္တလေး-မုံရွာအမြန်လမ်းမပေါ်တက်ပြီး ဆပ်ကြေးကောက်နေတာ။ အဲ့ဒီဆပ်ကြေးကောက်နေတာကို ကျနော်တို့က သွားရောက်ပစ်ခတ်ခဲ့တာ။" လို့ T.G.R Wormen Drone Force အဖွဲ့ခေါင်းဆောင် ကျားခင်စိန်က ပြောပါတယ်။

နေ့လယ် ၁ နာရီလောက်ကနေ ၂ နာရီလောက်အထိ အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ဘက်ကလည်း လက်နက်ကြီးနဲ့ တကြိမ်ပြန်ပစ်မယ်လုပ်တာမှာ သူတို့ဘက်က ပြည်သူကားတွေကို တားလိုက်တာမှာ ကျနော်တို့က ပြည်သူထိမှာကြောက်လို့ တပ်ကိုပြန်ဆုတ်ခဲ့တယ်။ သူတို့ဘက်က အပြင်းအထန်ဒဏ်ရာရတာ ၂ ဦးရှိတယ်" လို့ ကျားခင်စိန်က ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို T.G.R People Defense Force ၊ T.G.R Women Drone Force ၊ ကျောက်ဆည်ခရိုင်တပ်ရင်း(၂) နဲ့ Black Eagle People Defense Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ်- ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #သတင်း #မြောင်လမ်းခွဲ #စစ်ကောင်စီ #မန္တလေးမုံရွာအမြန်လမ်းမ #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10