လယ်ယာလုပ်ငန်းခွင်ကနေပြန်လာတဲ့ တောင်သူအမျိုးသား ၁ ဦးနဲ့ ကျွဲ ၂ ကောင် မိုးကြိုးထိမှန်သေဆုံး

လယ်ယာလုပ်ငန်းခွင်ကနေပြန်လာတဲ့ တောင်သူအမျိုးသား ၁ ဦးနဲ့ ကျွဲ ၂ ကောင် မိုးကြိုးထိမှန်သေဆုံး

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ၊ မိုးယွန်းကြီးအင်းဘက်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ချလို့ ဒေသခံတောင်သူအမျိုးသား ၁ ဦးနဲ့ ကျွဲ ၂ ကောင် မိုးကြိုးထိမှန်သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူမှာ ဝမ်းဘဲအင်းကျေးရွာနေ အသက် ၄၀ နှစ်ဝန်းကျင်အရွယ် ဦးလှမျိုးထွန်း ဆိုသူဖြစ်ပြီး မေ ၁၂ ရက် မနေ့ညနေ ၅ နာရီကျော်မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် လယ်လုပ်ငန်းကနေ နေအိမ်ကိုပြန်လာချိန် မိုးကြိုးထိမှန်ခဲ့တာလို့ ဆိုပါတယ်။

" နေပူရာကနေ မိုးကရုတ်တရက်ရွာချပြီး မိုးကြိုးတွေပါပစ်တာ။ တောင်သူတွေကလည်း သူတို့လယ်ကနေ လှည်းတွေနဲ့ရွာအပြန်မှာ မိုးကြိုးထိတာ"လို့ ရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုးကြိုးထိမှန်လို့ ဝမ်းဘဲအင်းကျေးရွာနေ ဦးလှမျိုးထွန်းနဲ့ သူ့လှည်းမှာတပ်လာတဲ့ ကျွဲ ၂ ကောင်ဟာ နေရာမှာပဲသေဆုံးသွားကာ သေဆုံးသွားသူရဲ့အလောင်းကိုတော့ ဒေသခံတွေက ကျေးရွာကို ပြန်သယ်လာကြတယ်လို့ သိရပါတယ်။

မေလအတွင်းမှာပဲ စစ်ကိုင်းတိုင်း မုံရွာ၊ ဘုတလင်နဲ့ ကသာမြို့နယ်တွေမှာ မိုးကြိုးထိမှန်သေဆုံးသူ ကလေး ၁ ဦးအပါအဝင် ၄ ဦးအထိရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ပဲခူး #ဝမ်းဘဲအင်း #မိုးယွန်းကြီးအင်း #မိုးကြိုးပစ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10