လဝကရုံးထဲတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

လဝကရုံးထဲတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်စောက် လဝကရုံးထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီလ ၁၃ ရက်ညနေ ၄ နာရီလောက်မှာ တိုက်ခိုက်ခံရတာကြောင့် ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
 
ရုံးထဲမှာ အင်အား ၁၅ ဦးနဲ့တပ်စွဲထားတဲ့အထဲမှ ၅ ဦးမှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးဖို့ ရုံးထဲကထွက်ချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် − Chindwin Attack Force တပ်ရင်း ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၄ ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
"စကစ ၃ ကောင်က ကျနော်မျက်စိရှေ့မှာတင် သေဆုံးခဲ့တာ။ နောက်ထပ် ၂ ကောင်ကတော့ ရုံးထဲကို ပြေးဝင်သွားတယ်။ ဒီကောင်တွေရုံးထဲကအထွက်မှာဘဲ တိုက်ခိုက်လိုက်တာ။ သူတို့ဖက်က ပြန်မပစ်နိုင်ခဲ့ဘူး။ ပြီးတော့ စကစတွေက ရုံးထဲမှာတပ်စွဲနေတာကြာပြီ"လို့ ဆိုပါတယ်။
 
ဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys )အပါအဝင် မဟာမိတ်ပူးပေါင်းအဖွဲ့တွေက လုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်မှာလည်း မုံရွာမြို့အခြေစိုက် အနောက် မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို အဆိုပါကာကွယ်ရးတပ်ဖွဲ့တွေကပဲ ၁၀၇ မမရှော့တိုက်ဒုံးနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ဗိုလ်ကြီးတဦး၊ တပ်ကြပ်ကြီးတဦး၊ ဒုတပ်ကြပ်တဦးအပါအဝင် ၂၂ ဦးသေဆုံးခဲ့တယ်လို့ Chindwin Attack Forceမှ သတင်းပြန်ကြား ရေးတာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10