သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် လဝကဦးစီးတဦး လိုက်ပါလာတဲ့ကားတစီးနဲ့ လုံခြုံရေးလိုက်လာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ကားတစီးကို ဧပြီလ ၁ ရက် မနေ့ကမနက်ပိုင်းမှာ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
အဆိုပါ ကား၂ စီးဟာ မနေ့က မနက် ၈ နာရီ ၂၀ မိနစ်ဝန်းကျင်က ပခုက္ကူမြို့နယ်လဝကရုံးကိုဝင် လာချိန် ရုံးအနီးမှာပဲ မိုင်း ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ ပြည်သူတွေရဲ့သတင်းတွေကို စာရင်းကောက်ပေးတဲ့ လဝက ဝန်ထမ်းနဲ့ စစ်သားတွေလာမယ့် အချိန် အဝေးထိန်းမိုင်းထားပစ်ခဲ့တာ”လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ချိန် လဝကရုံးကထွက်လာတဲ့ ဝန်ထမ်းတဦး မိုင်းစထိမှန်သေဆုံးခဲ့ပြီး စစ်သား ၁ ဦးနဲ့ အနီးမှာရှိနေတဲ့ပြည်သူ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ နဲ့ The Red Revolters -Pakokku တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်မနက် ၄ နာရီလောက်မှာလည်း မြိုင်ပကဖရဲဘော်တွေနဲ့ စစ်ကောင်စီအဖွဲ့တွေ ပစ်ခတ်မှုဖြစ်ပြီးနောက် ကာကွယ်ရေးရဲဘော်တွေရဲ့စခန်း စီးနင်းတိုက်ခိုက်ခံခဲ့ရပြီး ရဲဘော် ၁ ဦးကျဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #လဝက #မိုင်းဆွဲတိုက်ခိုက် #သတင်း #မြေလတ်သတင်း
Share Share Share