လိုက်ပါပို့ဆောင်သူ များပြားခဲ့တဲ့ တော်လှန်အနုပညာရှင် လူရွှင်တော်ဝိုင်းကျော် ဈာပန (ရုပ်/သံ)

အနုပညာနဲ့ ကျရာအခန်းကဏ္ဍကနေ တော်လှန်နေကြတဲ့ ဟားငါးကောင်အဖွဲ့ဝင် လူရွှင်တော်ဝိုင်းကျော်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဆေးကုသမှုခံယူနေရင်း မေ ၂၂ ရက် နံနက် ၁၁ နာရီခန့်မှာ ကွယ်လွန်ခဲ့ပါတယ်။

သူရဲ့ဈာပနကိုတော့ ယနေ့ မေ ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲမှာ မဲဆောက်မြို့၊ ကျောင်းကြီး​ဘုန်း​တော်ကြီး​ကျောင်းမှာ ရေစက်ချတရားနာပြီး ဝပ်မုတ်ကထန်သုဿန်မှာ မီးသင်္ဂြိုဟ်ခဲ့တာပါ။

ဈာပနမှာတော့ ကိုဝိုင်းကျော်ကိုချစ်ခင်ကြတဲ့သူတွေက အမှတ်တရ လက်မှတ်ရေးထိုးကြတာ၊ လွမ်းသူပန်းခွေတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ အဖွဲ့အစည်းတွေက ပေးပို့တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါအပြင် ကိုဝိုင်းကျော်ရဲ့ ဈာပနကို မိုးရွာ၊ နေပူ ကြားကပဲ တော်လှန်ရေးအင်အားစုတွေ၊ အနုပညာရှင်တွေအပြင် မြန်မာရွှေ့ပြောင်းအများအပြားလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဟားငါးကောင်အဖွဲ့ဟာ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ် အစောပိုင်းကာလတွေမှာ ထိုင်းနိုင်ငံနယ်စပ်နေရာတွေကို တော်လှန်ရေးရံပုံငွေပွဲအဖြစ် လိုက်လံဖျော်ဖြေပေးခဲ့ပြီး မြန်မာရွှေ့ပြောင်းလုပ်သားအများအပြား အားပေးကြည့်ရှုချစ်ခင်တာကို ခံခဲ့ရတဲ့အဖွဲ့ဖြစ်ပါတယ်။

ဒါအပြင် တော်လှန်အနုပညာရှင်များကြားမှာလည်း လူချစ်လူခင်ပေါများတဲ့အဖွဲ့ ဖြစ်သလို ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့ လူရွှင်တော်ညီအကိုတွေဖြစ်ကြတယ်လို့ တော်လှန်အနုပညာရှင်အသိုင်းအဝန်းက ပြောပါတယ်။

ကိုဝိုင်းကျော်ဟာ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူဖြစ်ပြီး လွတ်မြောက်နယ်မြေကနေ တော်လှန်အငြိမ့်ကပြဖျော်ဖြေတာနဲ့ တော်လှန်ရုပ်ရှင် ဇာတ်လမ်းတိုရိုက်ကူးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဟားငါးကောင်အဖွဲ့ဟာ မူဝါဒချမှတ်ပြီး ရှေ့ဆက်နေတာဖြစ်တဲ့အတွက် တော်လှန်ရေးပြီးတဲ့အထိ တိုက်ပွဲဝင်နေမှာဖြစ်ပြီး ကိုဝိုင်းကျော်မရှိပေမယ့် တခြား အဖွဲ့ဝင်တွေက အလုပ်ပိုကာ ရှေ့ဆက်သွားမယ်လို့ ဆိုပါတယ်။

#မြေလတ်အသံ

#မဲဆောက်  #ဟားငါးကောင်အဖွဲ့ #ကိုဝိုင်းကျော် #ဟာသလူရွှင်တော် #စျာပန # မီးသဂြိုဟ် #တော်လှန်ပြည်သူ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10