လုံခြုံ‌ရေးယူနေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရပြီး ဒဏ်ရာရသူများပြား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မြောက်ယမားတံတားမြောက်ဘက်ထိပ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်သားနဲ့ ယင်းမာပင်ခရိုင် ရဲတပ်ရင်း ၂၈ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Regional Friend Fighters(RFF) အဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၂၂ ရက် မနက် ၆ နာရီခွဲလောက်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်သား ၅၀ နဲ့ ယင်းမာပင်ခရိုင် ရဲတပ်ရင်း ၂၈ က ရဲသား ၂၀ ခန့်က‌ အောင်ဇေယျမြို့သစ်နဲ့ မြောက်ယမားတံတားလမ်းပိုင်းမှာ လုံခြုံရေးယူပေးနေတဲ့အချိန် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ Regional Friend Fighters (RFF) အဖွဲ့တာဝန်ခံက ပြောပါတယ်။

"မြောက်ယမားတံတားအနားမှာရှိတဲ့ ရဲခွေးတွေကို မနက်ပိုင်း ၇ နာရီခွဲမှာ ပတ်လည်မိုင်းဆွဲလိုက်တာ ရဲခွေးတကောင် သေလုမြောပါးဖြစ်သွားတယ်၊ ကျန်တဲ့ရဲခွေးတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့အချိန် ရှေ့ထွက်မိုင်း ၂ လုံးဆက်တိုက် ဆက်ခွဲလိုက်တယ်၊ ရဲခွေး ၇ ကောင် ထိခိုက်ဒဏ်ရာရတယ်၊ အဲ့ဒီ ၇ ကောင်ထဲက ၃ ကောင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်၊ အဲဒီ ရဲတွေကို မြန်မာယန်စီ ကုမ္ပဏီရဲ့ လက်အောက်မှာရှိတဲ့ မိုင်းမြို့ ဆေးရုံကို ပို့လိုက်ရတယ်" လို့ ပြောပါတယ်။

ညနေ ၅ နာရီလောက်မှာတော့ စစ်အုပ်စုက ပြန်လှည့်သွားကြပြီး ကျန်တဲ့ ဒဏ်ရာရ  ရဲ ၄ ဦးကို ရဲတပ်ရင်း ၂၈ က ရဲတွေက တွဲခေါ်သွားရတယ်လို့ Regional Friend Fighters (RFF) က ဆက်ပြောပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ

#ဆားလင်းကြီး #အနောက်မြောက်တိုင်းစစ်ဌာနချုပ် #မိုင်းဆွဲခံရ #စစ်သား #ရဲ #RFF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10