လူငယ်တွေရဲ့ပန်းတိုင် (သို့) တော်လှန်ကြဦးမည် (ရုပ်/သံ)

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတခုကတော့ လူငယ်တွေရဲ့ အနာဂတ်တွေ ပျောက်ဆုံးသွားခဲ့သလို လျှောက်လှမ်းနေစ ဘဝတက်လမ်းတွေလည်း မှေးမိန်သွားခဲ့ကြတာပါ။

လက်နက်ကိုင်လမ်းစဉ်ကလွဲလို့ ရွေးချယ်စရာမရှိဘူးလို့ စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်နေတဲ့ ကျောက်ဆည်ခရိုင်တပ်ရင်း - ၁ (နဂါးနီတပ်ရင်း)က အသက် ၂၁ နှစ်အရွယ် ဒုတပ်ရင်းမှူးက ဆိုပါတယ်။


PDF တွေထဲမှာ ဘက်ပေါင်းစုံက ခေတ်ပညာတတ်လူငယ်တွေ ပါဝင်နေပြီး သူတို့ရဲ့ ရည်မှန်းချက်၊ အနာဂတ်ဆိုတာ ဒီအချိန်မှာ ပျောက်ဆုံးနေကြပြီလို့ ဝန်ခံကြပေမယ့် အဲဒီအကြောင်းကိုတော့ လက်နက်ကိုင်တိုက်ပွဲဝင်နေရင်း မေ့ထားတယ်လို့ ဆိုပါတယ်။

သူတို့ ခံယူချက်၊ သူတို့ ပန်းတိုင်ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို အပြီးတိုင် တိုက်ဖျက်ဖို့ပဲ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10