လူငယ်ပျူစောထီး ညီအကိုနဲ့ မိသားစုဝင် ၁၂ ဦး လက်နက်၊ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

လူငယ်ပျူစောထီး ညီအကိုနဲ့ မိသားစုဝင် ၁၂ ဦး လက်နက်၊ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာက ပျူစောထီးအဖွဲ့ဝင် ၂ ဦးနဲ့ မိသားစုဝင် ၁၄ ဦး လက်နက်၊ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA အဖွဲ့ ဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက် မနေ့ မနက်ပိုင်းက အသက် ၁၇ နှစ်နဲ့ ၂၀ နှစ်ခန့်ရှိ ပျူစောထီး ညီအကို ၂ ဦး အလင်းဝင်းရောက်လာတာဖြစ်ပြီး ၎င်းတို့ကို အတင်းအကြပ် လက်နက်ကိုင်ဆောင်ခိုင်းကာ အနီးနားရွာတွေကို စစ်ကြောင်းထိုးစေခိုင်းတဲ့အတွက် ထွက်ပြေးလာတာလို့ ဆိုပါတယ်။

“ စစ်ကောင်စီက အတင်းအကြပ်စေခိုင်းလို့ ပျူစောထီးဖြစ်ရတာလို့ ကျနော်တို့သိထားရပါတယ်။ သူတို့ကို လွတ်လပ်စွာနဲ့နေထိုင်နိုင်အောင် စီမံပေးထားပါတယ်။ ကျေးရွာတွေမှာ ပြည်သူလူထုတွေကို ညှင်းပန်းနှိပ်စက်တာတွေ၊ အတင်းအကြပ်ခိုင်းစေတာတွေရှိလို့ အကြောက်တရားနဲ့ ထွက်ပြေးလာတာ “ လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်က ပြောပါတယ်။ 

ပျူစောထီးညီအကိုက G 3 ၁ လက် ၊ ကာဘိုင် ၁ လက်၊ G 3 ကျည် ၁၅၀ တောင့် ၊ ကာဘိုင်ကျည် ၈၂ တောင့်၊ ကျည်ဘောက်အပို ၃ ခုနဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်ပြီး မိသားစုဝင်တွေလည်းပါလာလို့ ဘ၀ရပ်တည်နိုင်ရေးအတွက် ကျပ်သိန်း ၁၀၀ ဆုချီးမြှင့်ခဲတယ်လို့ သူက ဆိုပါတယ်။

သီးလုံးကျေးရွာကို စစ်ကောင်စီကအထိုင်ချပြီး ပျူသင်တန်းတွေပေးနေတာကြောင့် ဒီဇင်ဘာနောက်ဆုံးပတ်အတွင်းမှာ အဲ့ဒီရွာက ဒေသခံ ၃၀၀ ဦးထွက် ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #ပျူစောထီး #အလင်းဝင် #လက်နက်ခဲယမ်း #ဆုငွေချီးမြှင့် #BNRA #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10