"လူထုကိုဖိနှိပ်မှုမှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်ကြ" ခေါင်းစဉ်နဲ့ ဆားလင်းကြီးမှာ ဆန္ဒဖော်ထုတ်

"လူထုကိုဖိနှိပ်မှုမှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်ကြ" ခေါင်းစဉ်နဲ့ ဆားလင်းကြီးမှာ ဆန္ဒဖော်ထုတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ "တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန်" သပိတ်စစ်ကြောင်းဟာ "လူထုကို ဖိနှိပ်သူမှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်ကြ" စာသားကိုင်စွဲပြီး အာဏာရှင်စနစ် တိုက်ဖျက်ရေး သပိတ်စစ်ကြောင်းကို ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။

ယနေ့ မတ် ၁၀ ရက် ညနေမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပြီး အဲဒီ သပိတ်စစ်ကြောင်းဟာ အဖိနှိပ်ခံလူထုနဲအတူ ရပ်တည်သွားမှာဖြစ်သလို လူထုအားလုံး အာဏာရှင်စနစ်ပျက်သုဉ်းရေး ဦးတည်တိုက်ထုတ်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

လက်ရှိမှာတော့ ဒေသတွင်းမှာရှိတဲ့ စက်ရုံက သံထည်ပစ္စည်းတွေကို ဒေသခံတွေက ခိုးယူတယ်ဆိုပြီး ဆားလင်းကြီး ပလဖအဖွဲ့က လူ ၄၀ နီးပါးကို ဖမ်းဆီးထားသလို ပြန်လွှတ်ဖို့ ဆန္ဒဖော်ထုတ်တဲ့ သူအချို့ကိုဖမ်းဆီးတာ၊ ရိုက်နှက်တာနဲ့ သေနတ်နဲ့ ပစ်ဖောက်တာတွေကို ပြုလုပ်ခဲ့ပြီး ဒေသခံအချို့လည်း ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီး #လူထုသပိတ် #ဆန္ဒဖော်ထုတ် #လူထု #ပကဖ #ပလဖ #ပအဖ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10