လူထုသပိတ်တိုက်ပွဲတွေ ပြန်အားကောင်းလာဖို့ လူငယ် ၂၀၀ နီးပါးကို သင်တန်းပို့ချ

လူထုသပိတ်တိုက်ပွဲတွေ ပြန်အားကောင်းလာဖို့ လူငယ် ၂၀၀ နီးပါးကို သင်တန်းပို့ချ

စစ်ကိုင်းတိုင်း၊ မုံရွာ၊ မြင်းမူ၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေမှာ မုံရွာလူထုသပိတ်တိုက်ပွဲကော်မတီက ဦးဆောင်ပြီး လူငယ်တွေကို စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေပေးခဲ့တယ်လို့ ကော်မတီဝင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာကနေ အခု ၂၀၂၄ မတ် ၆ ရက်အထိ ကျေးရွာ ၁၄ ရွာမှာ သင်တန်း ၁၀ ကြိမ် ပေးနိုင်ခဲ့ပြီး လူငယ် ၂၀၀ နီးပါး တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“သင်တန်းတက်ထားတဲ့ လူငယ်တွေက လူထုစည်းရုံးရေးအပိုင်းနဲ့ လူထုသပိတ်တိုက်ပွဲတွေကို ပြန်လည် ဆောင်ရွက်နေပါတယ်။ ဒီသင်တန်းကနေ လူထုသပိတ်တွေ ပြန်အားကောင်းဖို့နဲ့ လူထုကို စည်းရုံးနိုင်ဖို့အတွက် လူငယ်တွေကို စွမ်းဆောင်ရည် မြှင့်ပေးတာဖြစ်လို့ မြေပြင်သပိတ်တွေ ပြန်အားကောင်းရေးကိုလည်း အထောက်အကူပြုပါတယ်။”လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

တော်လှန်ရေးကာလမှာ လူထုစည်းရုံးရေးပိုင်းကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ဖက်ဒရယ်စနစ်အခြေခံ၊ ဒီမိုကရေစီစနစ်အကြောင်းနဲ့ လူထုစည်းရုံးရေးအပိုင်းတွေကို အဓိကထား သင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းတက်ရောက်ခဲ့တဲ့ လူငယ် ၂၀၀ နီးပါးဟာလည်း သက်ဆိုင်ရာကျေးရွာတွေမှာ လူထုကိုစည်းရုံးကာ မြေပြင်သပိတ်တွေ ပြန်ဖော်ဆောင်နေတဲ့အတွက် မကြာခင်မှာ လူထုသပိတ်တွေ ပြန်အားကောင်းလာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #မြင်းမူ #၀က်လက် #လူထုစည်းရုံးရေး #လူထုသပိတ် #သင်တန်းပို့ချ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10