လူထုသပိတ်တွေ ပြန်လည်အားကောင်းလာဖို့ စုပေါင်းဆန္ဒပြပွဲ ပကဖနဲ့ လူထုအများအပြားပါဝင်

လူထုသပိတ်တွေ ပြန်လည်အားကောင်းလာဖို့ စုပေါင်းဆန္ဒပြပွဲ ပကဖနဲ့ လူထုအများအပြားပါဝင်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာတရွာမှာ သပိတ်ကော်မတီအဖွဲ့တွေစုပေါင်းပြီး လူထုသပိတ်တွေ ပြန်လည်အားကောင်းလာဖို့ ရည်ရွယ်ကာ သပိတ်စစ်ကြောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မနက်ပိုင်းမှာ လူထုတိုက်ပွဲအရှိန်မြှင့်ဖို့၊ နွေဦးဝောာ်လှန်ရေးကို ပြန်လည်အသက်သွင်းဖို့၊ CDM လုပ်ကြဖို့၊ စစ်တပ်ထုတ်ကုန်တွေမသုံးဖို့၊ တော်လှန်ရေးမှာ ပြည်သူလူထုကအင်အားက အရေးပါတဲ့အတွက်ပါဝင်ကြဖို့စတာတွေကို အထိုင်သပိတ်လုပ်ဟောပြောခဲ့ပြီး အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါသပိတ်စစ်ကြောင်းကို နယ်မြေခံ ပကဖ၊ ပအဖတွေရဲ့ အကူအညီနဲ့ လက်ပံတောင်းတောင် ပင်မသပိတ်ကော်မတီ၊ လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစု၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ပူးပေါင်းပြီး လူထုအင်အားအများအပြားနဲ့ ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10