လူနာတင်ယာဥ်နဲ့ လာစွန့်ပစ်ခံရတဲ့ အသက် ၆၀အရွယ် အမျိုးသား ၁ ဦး သေဆုံး

လူနာတင်ယာဥ်နဲ့ လာစွန့်ပစ်ခံရတဲ့ အသက် ၆၀အရွယ် အမျိုးသား ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ အုတ်တွင်း- ပေါက်ခေါင်းလမ်း ကားဝန်းဟောင်းအတွင်းမှာ လူနာတင်ယာဥ်နဲ့ လာစွန့်ပစ်သွားတဲ့ အမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၁၀ နာရီခန့်မှာ လူနာတင်ယာဥ် ၁ စီးနဲ့ ရွှေကျင်မြို့နယ်အတွင်း နေထိုင်သူ အသက် ၆၀ အရွယ် ဦးခင်မောင်ဌေးကို စွန့်ပစ်သွားခဲ့တာလို့ ဆိုပါတယ်။

"လာပစ်သွားတုန်းက အဲ့အမျိုးသားက မသေသေဘူး။ သူ့ကိုဆေးရုံတခုကနေ ခေါ်လာပြီး လာစွန့်ပစ်သွားတာလို့ သိရတယ်။ သူ့ကိုလည်း ပတ်ဝန်းကျင်ကလူတွေ ကူညီပေးဖို့ လုပ်တာတောင် (သူက) လက်မခံဘူး။"လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီအမျိုးသားဟာ စွန့်ပစ်ခံရပြီးနောက်တနေ့ ဖေဖော်ဝါရီလ ၂၀ ရက် ဒီနေ့ မနက် ၉ နာရီမှာ သေဆုံးသွားပြီး ဒေသခံတွေက အုတ်တွင်းဆေးရုံ ရင်ခွဲရုံကို ပို့ထားပေးရတယ်လို့ ဆိုပါတယ်။သေဆုံးသူ အမျိုးသားကို စစ်ဆေးကြည့်ရာ ရင်ဘတ်မှာ ပြင်ပဒဏ်ရာ အနည်းငယ်ရှိနေသလို မသေခင်မှာ ရင်ဘတ်အောင့်ပြီး အသက်ရှုရခက်ခဲတဲ့ဝေဒနာမျိုး ခံစားခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ အမျိုးသားကို စွန့်ပစ်မခံရခင်က တောင်ငူဆေးရုံမှာ မြင်ခဲ့ဖူးတဲ့ သူတွေရှိနေပြီး လာရောက်စွန့်ပစ်သွားတဲ့ကားဟာ တောင်ငူဆေးရုံက ကားဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေပေမယ့် မြေလတ်အသံက အတည်ပြုနိုင်ဖို့အတွက် စုံစမ်းနေပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #စွန့်ပစ် #လူနာတင်ယာဥ် #အမျိုးသား #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10