"လူသတ်ကွင်း" ဖြစ်လာတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ မလုံခြုံတော့တဲ့ သာသနာ့နယ်မြေတွေ (ရုပ်သံဆောင်းပါး)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာက ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းထဲမှာ စစ်ရှောင်နေကြတဲ့ ရွာသူ/ရွာသားတွေနဲ့အခြားသူတွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးမေးမြန်းတာကိုခံရပြီး အဲဒီထဲက ၃၄ ဦးဟာ ဘုန်းကြီးကျောင်းဝန်းတွေထဲမှာပဲ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာကို ခံလိုက်ရပါတယ်။ 

အဲဒီဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့ တရက်ထဲမှာပဲ ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်စဉ်မတိုင်ခင် ၂ ရက်ကပဲ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်ရွာ ဘုန်းတော်ကြီးကျောင်းဝန်းထဲကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချလို့ ၁၆ ဦးသေဆုံးခဲ့ပါသေးတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ ပြဿနာတခုခု၊ ဒုက္ခတခုခု၊ သဘာဝဘေးအန္တရာယ်တခုခုနဲ့ ရင်ဆိုင်လာရတိုင်း ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေမှာ ခိုလှုံကြတာက ဗုဒ္ဓဘုရားရှင် သက်ရှိထင်ရှားရှိစဉ်ကတည်းဆိုတာကို ဇာတ်နိပါတ်၊ ဗုဒ္ဓဝင်ကျမ်းနဲ့ သမိုင်းအဆက်ဆက်မှာ တွေ့နိုင်ပါတယ်။

“ပြည်သူလူထုက ဘုန်းကြီးကျောင်းကိုအားကိုးတာက ဘုရားအရိပ် တရားအရိပ် သံဃာအရိပ်ဆိုပြီး အားကိုးတာ၊ အရိပ်သုံးပါကိုခိုလှုံတာဖြစ်တယ်။” လို့ နိုင်ငံတကာငြိမ်းချမ်းရေးကွန်ရက် ပြောရေးဆိုခွင့်ရဆရာတော် ဦးဣဿရိယ (ဦးဇင်းဂျောင်းဂျောင်း) က မိန့်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #စစ်တပ် #သတ်ဖြတ် #ဗုံးကြဲ #သာသနာ့နယ်မြေ #ဘာသာရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10