လူအင်အား ၁ ထောင်ကျော်နဲ့ ကျေးလက်လူထု နိုင်ငံရေးဆွေးနွေးပွဲကျင်းပ (Photo news)

လူအင်အား ၁ ထောင်ကျော်နဲ့ ကျေးလက်လူထု နိုင်ငံရေးဆွေးနွေးပွဲကျင်းပ (Photo news)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ကျေးရွာတရွာမှာ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပြီး ပြည်သူတထောင်ကျော် တက်ရောက်ခဲ့ကြတယ်လို့  သပိတ်အဖွဲ့ဝင်တဦ;ဆီက သိရပါတယ်။

ဩဂုတ်လ ၃ ရက် ဒီကနေ့ညနေပိုင်းက ကျင်းပခဲ့တာဖြစ်ပြီး ဖယ်ဒရယ်ဒီမိုကရေစီနဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေ၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တာတွေ ဟောပြောခဲ့ပြီး တော်လှန်ရုပ်ရှင် ပြသခဲ့ကြတယ်လို့ ဆိုပါတယ်။

“အညာက ပြည်သူတွေက နိုင်ငံရေးနဲ့ပတ်သက်ပြီး လှမ်းကြတော့ တော်တော်တော့ ပြောပြရတယ်၊ သူတို့စိတ်ထဲ ကောင်းကောင်းနားလည်ဖို့ အချိန်ယူပြီး ပြောရတာတွေရှိတယ်၊ ပြည်သူတွေ သိချင်တာရှိရင်မေးတယ်၊ အပြန်အလှန်ဆွေးနွေးကြတာပေါ့။”လို့ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုသက်နောင်က ပြောပါတယ်။

ဒီပွဲကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီနဲ့ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #နိုင်ငံရေးဆွေးနွေးပွဲ #လူအင်အားထောင်ကျော် #ဓါတ်ပုံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10