သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တနေရာမှာ ဒီဇင်ဘာ ၂၃ ရက် မနေ့ညနေက မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ အရာတော် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ လူထုသပိတ်ချီတက်ခဲ့တယ်လို့ သပိတ်ကော်မတီဝင်တွေဆီက သိရပါတယ်။
အဆိုပါသပိတ်စစ်ကြောင်းမှာ ဆန္ဒပြ ပြည်သူ ၅၀၀ နီးပါးပါဝင်ခဲ့ပြီး “မင်းအောင်လှိုင်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံလုံးရဲ့ ဘုံရန်သူ” “ဆွေးနွေးပွဲအကြောင်းပြ အပါအဝင် အကြမ်းဖက်စစ်တပ် အသက်ဆက်ရေး လုပ်ရပ်မှန်သမျှ အလိုမရှိ” စာတန်းပါ ဘန်နာတွေ ကိုင်စွဲ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သပိတ်တိုက်ပွဲကို တနာရီခွဲနီးပါး လှည့်လည်ပြုလုပ်ခဲ့ကြပြီး စစ်ရှုံးနိမ့်လာပြီဖြစ်တဲ့ စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်တွေကို မပါဝင်ကြဖို့နဲ့ တော်လှန်ရေးရဲဘော်တွေကို ကူညီကြဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #လူထုသပိတ် #သတင်း #မြေလတ်သတင်း
Share Share Share