“လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတ လွတ်လပ်မြေ”

“လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတ လွတ်လပ်မြေ”

ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ ၇၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို “လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတ လွတ်လပ်မြေ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသအတွင်းမှာ ကျင်းပခဲ့တယ်လို့ Equality Myanmar(ညီမျှခြင်းမြန်မာ)ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုစိန်လှ်ိုင်က ပြောပါတယ်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ပညာပေးဟောပြောပွဲကျင်းပခဲ့ပြီး ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ခံများနဲ့ ဒေသခံပြည်သူ ၂၃၀ ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကိုင်းတိုင်းမှာတော့ Equality Myanmarနဲ့ ငြိမ်းချမ်းရေး စာသင်ခန်း (စစ်ကိုင်း)တို့ ပူးပေါင်းပြီး  စစ်ကိုင်းတိုင်းအတွင်းမှာရှိကြတဲ့ ပြည်သူ့အခြေပြုကျောင်းများမှ လူ့အခွင့်အရေး လက်စွဲစာစောင်တွေကို အထက်တန်းဆင့် ကျောင်းသားကျောင်းသူများ ၊ ဆရာဆရာမများထံသို့ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

" ဒီလိုမျိုး လူ့အခွင့်အရေးနေ့ အခမ်းအနားလေးကို ကျင်းပပြုလုပ်ဖြစ်တဲ့ ရည်ရွယ်ချက်ကို ပြောရမယ်ဆိုရင်တော့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုကို သွားမယ့် ကျနော်တို့ မြန်မာနိုင်ငံတော်မှာ လူမျိုးတိုင်း၊ ဘာသာတိုင်း၊ ကျား/မ မရွေး၊ လိင်စိတ်ခံယူမှု ကွဲပြားသူ‌တိုင်း၊ သန်စွမ်း၊ မသန်စွမ်း စတဲ့ ကွဲပြားစုံလင်တဲ့ လူသားတိုင်း အနာဂတ်မှာ လူ့အခွင့်အရေးကို တန်းတူ အခွင့်အရေး ရနိုင်ဖို့ဆိုပြီး ရည်ရွယ်တာဖြစ်ပါတယ်" လို့ ကိုစိန်လှိုင်က ပြောပါတယ်။

၇၆ ကြိမ်မြောက် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနနဲ့ ပူးတွဲပြီးတော့ စစ်ကိုင်း၊ မကွေးအပြင် ကရင်ပြည်နဲ့ ရှမ်းတောင်မှာသာမက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာလည်း ကျင်းပခဲ့တယ်လို့ ပြောပါတယ်။

သတင်း - မြတ်သော်တာ၊ စာတည်း - JCG

#မြေလတ်အသံ

#လူ့အခွင့်အရေးနေ့ #အခမ်းအနား #စစ်ကိုင်း #မကွေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10