လေကြောင်းက ၄ ကြိမ်ပစ်ကူခဲ့ပေမယ့် ကလေးတောင်ပိုင်းက ရဲစခန်းသိမ်းပိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ မြောက်စည်းကျေးရွာရဲစခန်းကို နိုဝင်ဘာ ၄ ရက်မနက် ၁၀ နာရီကျော်မှာ အပြီးအသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ VAKOK-CNDF တာဝန်ခံဆီက သိရပါတယ်။

ရဲအပါအဝင် စစ်ကောင်စီတပ်အင်အား ၃၀ ကျော်ရှိတဲ့ အဲ့ဒီရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၃ ရက်မနက် ၆ နာရီမှာ စတင်တိုက်ခိုက်ရာ ၄ ရက်မနက် ၁၀ နာရီကျော်မှာ စခန်းသိမ်းနိုင်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ VAKOK-CNDF တာဝန်ခံက​ မြေလတ်အသံကို ပြောပါတယ်။

စခန်းကို တိုက်ခိုက်နေချိန် ပထမနေ့မှာ စစ်ကောင်စီတပ်က လေယာဥ် ၂ စီးနဲ့ နေ့လယ် ၂ကြိမ်၊ ည ၁ ကြိမ်လာရောက်ပစ်ကူပေးခဲ့သလို ဒုတိယနေ့မနက်မှာလည်း လေကြောင်း ၁ ကြိမ်ပစ်ကူးပေးခဲ့တယ်လို့ အထက်ပါ တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲပြီးချိန်မှာတော့ စခန်းထဲက စစ်ကောင်စီတပ်သား ၉ ဦးရဲ့အလောင်းကို တွေ့ရှိခဲ့ရသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း VAKOK-CNDF ရဲဘော် Salai Cung Te နဲ့ Ranger Kalay Defend Forceက ရဲဘော် ၂ ဦးသေဆုံးပြီး ၂ ဦးမစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့  VAKOK-CNDF တာဝန်ခံကပြောပါတယ်။

မြောက်စည်းရဲစခန်းက စစ်သားနဲ့ ရဲတွေကတော့ ရဲစခန်းနဲ့ ၁မိုင်နီးပါးဝေးတဲ့ ရန်ကြီးအောင်ကျေးရွာက စစ်တပ်အထိုင်ချစခန်းကို ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကလေးသတင်း #စခန်းသိမ်းတိုက်ပွဲ #စစ်ကိုင်းတိုင်းသတင်း #သတင်း #VAKOK-CNDF #စခန်းစွန့်ပြေး #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10