လေကြောင်းတိုက်ခိုက်မှုအတွင်း မြေစာပုံပိခဲ့တဲ့ PDF ၁ ဦး ၁ လကျော်အကြာမှာကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက်တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀၊ တပ်ခွဲ၂ Black Show PDF တပ်ဖွဲ့ရဲ့ တပ်စုမှူး ၁ ဦးဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်း မြေစာပုံပိ ဒဏ်ရာရရှိပြီး ကျဆုံးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီသိရပါတယ်။

ကျဆုံးခဲ့တဲ့ အသက်၂၄ နှစ်အရွယ် တပ်စုမှူး စိုးလွင်အောင် (ခ) အာကြီးဟာ အောက်တိုဘာ ၁၈ ရက်က ကနီမြို့နယ် တာဝါတိုင်တိုက်ပွဲမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မြေစာပုံပိပြီး အရိုးထိဒဏ်ရာရခဲ့တာပါ။

အဲ့ဒီနောက်ဆေးကုသမှုခံယူကာ နေအိမ်ကိုခွင့်နဲ့ပြန်ကာ ဒဏ်ရာကမသက်သာတဲ့အတွက် ထပ်မံဆေးကုသမှု ခံယူနေစဥ် နိုဝင်ဘာ၂၀ ရက် ည ၁၀ နာရီမှာ အရိုးအက်ပြီး၊ ကျောက်ကပ်ပျက်စီးတဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့တာလို့ဆိုပါတယ်။

တပ်စုမှူး ရဲဘော် အာကြီးရဲ့ စျာပနနဲ့ ရက်လည်ဆွမ်းသွပ်ကို နိုဝင်ဘာ ၂၀ ရက်နဲ့ နိုဝင်ဘာ ၂၆ ရက်မှာ ကနီမြို့နယ်က သူ့ရဲ့ဇာတိကျေးရွာက နေအိမ်မှာပဲပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကျဆုံး တပ်စုမှူး ရဲဘော်အာကြီးရဲ့ ဂူဗိမာန်ကို ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ က ဦးဆောင်ကာ ကျေးရွာထိပ်မှာပြုလုပ်ပေးခဲ့ပြီး သူ့ရဲ့မိသားစုဝင်တွေကို ကျပ်ငွေ ၁၅ သိန်းထောက်ပံ့ပေးခဲ့တယ်လို့လည်းသိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #တပ်စုမှူး #ကျဆုံး #ဈာပန 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10