သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူအခြေစိုက် People Defence Force Column 1 အဖွဲ့အနေနဲ့ တိုက်ခိုက်ရေး လေယာဥ်ငယ်တွေ ထုတ်လုပ်နေပြီး စစ်ကောင်စီကို လေကြောင်းနဲ့တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာ ကုန်းကြောင်းအပြင် လေကြောင်းအသုံးပြုပြီး ပိုမိုတိုက်ခိုက်လာနိုင်ဖို့နဲ့ လေကြောင်းကနေ တိုက်ခိုက်ရာမှာ စျေးနှုန်းကြီးမြင့်တဲ့ တိုက်ခိုက်ရေး ဒရုန်းယာဥ်တွေ မဝယ်နိုင်လို့ ကိုယ်တိုင်လေယာဥ်ငယ်တွေ ထုတ်လုပ်နေတာလည်းဖြစ်ပါတယ်။
"ဒီပရောဂျက် စတာက ၂ လကျော်လောက်ရှိနေပြီ။ နည်းပညာပိုင်းဆိုင်ရာက မိတ်ဖက် အဖွဲ့က နည်းပညာကျွမ်းကျင်သူတွေက ကူညီပေးပါတယ်။ ကျနော်တို့အဖွဲ့က ရဲဘော်တွေကလည်း သင်ယူပြီး ဆက်လုပ်နေပါတယ်။ လုပ်တဲ့နေရာမှာ အခက်ခဲပေါင်းများစွာရှိပါတယ်။"လို့ ပြောပါတယ်။
တိုက်ခိုက်ရေးလေယာဥ်ငယ် ၁ စီးထုတ်လုပ်နိင်ဖို့ ကုန်ကျစရိတ်အနေနဲ့ ကျပ် ၁၅ သိန်းကနေ သိန်း ၂၀ ကြားကုန်ကျတယ်လို့ ဆိုပါတယ်။
"အဓိက ကုန်ကြမ်းရဖို့။ သယ်ယူဖို့။ ပစ္စည်းတွေ ဝယ်နိုင်ဖို့ ငွေလိုအပ်ချက်တွေက အများကြီးရှိပါတယ်။လက်ရှိမှာတော့ ထုတ်လုပ်ထားတဲ့ လေယာဥ်ငယ်တွေကို တိုက်ပွဲဝင်တဲ့ အခါမှ ထိရောက်ဖို့ လေ့ကျင့်စမ်းသပ်တာတွေ လုပ်နေပါတယ်။ မကြခင် တိုက်ပွဲတွေမှာ သုံးတော့မှာပါ။ များများထုတ်လုပ်နိုင်ဖို့တော့ ပြည်သူတွေရဲ့ အကူအညီ အများကြီးလိုနေပါသေးတယ်"လို့ ပြောပါတယ်။
လေယာဥ်ငယ်တွေ အများအပြား ထုတ်လုပ်လာနိုင်ရင် မိတ်ဖက်တော်လှန်ရေးအဖွဲ့များထံ နည်းပညာနဲ့ လေယာဥ်ငယ်တွေကို မျှဝေပေးသွားမှာဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဘယ်အဖွဲ့မဆိုပေးသွားမယ်လို့ သိရပါတယ်။
လက်ရှိ အချိန်အထိ People Defence Force Column 1 အနေနဲ့ တိုက်ခိုက်ရေးလေယာဥ်ငယ် ၆ စီးနဲ့ ဗုံးသီးတွေ ထုတ်လုပ်ထားပြီး ထပ်ပြီးထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
တည်းဖြတ်- CM
#မြေလတ်အသံ
Share Share Share