သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက စစ်တပ််တပ်ဆွဲထားတဲ့ ညောင်ပင်ကြီးရဲစခန်းကို PDF တပ်ပေါင်းစုတွေ ဝင်ရောက်စီးနင်းခဲ့ရာ ရဲနဲ့စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုသာ သိမ်းယူနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်ညနေပိုင်းမှာ ဝင်ရောက်ခဲ့ပြီး နာရီဝက်အကြာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကာ စခန်းသိမ်းနိုင်လုနီးပါးဖြစ်နေချိန်မှာ လေကြောင်းနဲ့စစ်ကူရောက်လာလို့ ပြန်ဆုတ်ခဲ့ရတာပါ။
တိုက်ပွဲကြာချိန် မိနစ် ၂၀ လောက်မှာ မုံရွာ နမခ က Mi 35 ရဟတ်ယာဥ်တစီးနဲ့ လာရောက်ပစ်ကူ ပေးခဲ့လို့ စစ်ကောင်စီစခန်းထဲက ပစ္စည်းအချို့ကိုသာ သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့သလို PDF တပ်ပေါင်းစုဘက်ကလည်း ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ညောင်ပင်ကြီးစံပြကျေးရွာကို ဇွန်လ ၉ ရက်မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ဝင်ရောက်လာကာ ရွာကိုမီးရှို့တာ၊ မိုင်းတွေထောင်ထားခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေးနေကြရပြီး လက်ရှိချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။
ဒီတိုက်ခိုက်မှုကို Salingyi G-Z People Defence Force၊ Myanmar's Royal Dragon Army-MRDA နဲ့ Brothers Army Young People Force၊ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
#မြေလတ်အသံ
#ဆားလင်းကြီး #ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲ #စစ်ကောင်စီ #ရဲ #PDF
Share Share Share