လေကြောင်းရန်တွေကြားက အကျဉ်းချုံးကျင်းပခဲ့တဲ့ ကွန်မန်ဒိုသင်တန်းဆင်းပွဲနဲ့ ကတိသစ္စာဆိုပွဲ

လေကြောင်းရန်တွေကြားက အကျဉ်းချုံးကျင်းပခဲ့တဲ့ ကွန်မန်ဒိုသင်တန်းဆင်းပွဲနဲ့ ကတိသစ္စာဆိုပွဲ

မကွေးတိုင်းထဲက တော်လှန်ရေးနယ်မြေတခုမှာ မကွေးခရိုင် အမှတ်-၂ တပ်ရင်း တပ်ဖွဲ့တည်ထောင်တာ ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အပတ်စဉ် - ၁ ကွန်မန်ဒိုသင်တန်းဆင်းပွဲနဲ့ ကတိသစ္စာဆိုပွဲကို ပြုလုပ်ခဲ့တယ်လို့ တပ်ရင်းမှူး ဗိုလ်စံရှားက ပြောပါတယ်။

မေလ ၅ ရက် ဒီကနေ့မနက် ၆နာရီက ကျင်းပခဲ့တာဖြစ်ပြီး၊ ကွန်မန်ဒိုသင်တန်းက ဧပြီလ ၃ ရက်နေ့ကတည်းက ပြီးသွားပေမယ့် နယ်မြေမတည်ငြိမ်တဲ့အတွက် အခုမှသာ ပူးပေါင်းကျင်းပခဲ့ရတာလို့ ဆိုပါတယ်။


“လေယာဉ်တွေဝဲနေတဲ့ကြားက ကျနော်တို့ရဲ့ အထိမ်းမှတ်နေ့လေးဖြစ်နေလို့ လုပ်ခဲ့တာ၊ သင်တန်းဆင်းပွဲမှာဆို ပထမဆုံး အမျိုးသမီးရဲဘော်တွေ ပါဝင်လာတယ်”လို့ ဗိုလ်စံရှားက ပြောပါတယ်။

အခမ်းအနားကို အချိန် ၂ နာရီကြာကျင်းပခဲ့ပြီး သင်တန်းဆင်းပွဲအပြင် တော်လှန်ရေးကတိသစ္စာဆိုပွဲလည်း ပြုလုပ်ခဲ့ကာ ရဲဘော်တွေကိုတော့ မုန့်ဟင်းခါးကျွေးမွေးဧည့်ခံခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရင်က တပ်ရင်းမှာ အမျိုးသမီးရဲဘော်မထားရှိပေမယ့် တိုက်ပွဲဝင်ဖို့ ပါဝင်ချင်တယ်ဆိုပြီး စိတ်ဓာတ်ပြင်းပြစွာ ဆက်သွယ်လာတဲ့အတွက် ကွန်မန်ဒိုသင်တန်းမှာ အမျိုးသမီး ၄ ဦးကို ပထမဆုံးထည့်သွင်း သင်တန်းပေးခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

တပ်ရင်းမှာ အခုလက်ရှိအချိန်ထိ ရိုးရိုးစစ်သင်တန်း ၆ ခုပေးပြီးပြီဖြစ်ကာ ကွန်မန်ဒိုသင်တန်းကတော့ အခုမှ ပထမဆုံးအကြိမ် ပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။


တပ်ဖွဲ့စတင်ဖွဲ့စည်းစဉ်က Local PDF အဖြစ်လှုပ်ရှားခဲ့ပေမယ့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ မကွေးခရိုင် တပ်ရင်း-၂ အဖြစ် ပြောင်းလဲကာ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်နေတာလည်း ဖြစ်ပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10