လေကြောင်းဝဲနေတဲ့ကြားက အာဇာနည်နေ့အထိမ်းအမှတ် သပိတ်စစ်ကြောင်း ထွက်ခဲ့

လေကြောင်းဝဲနေတဲ့ကြားက အာဇာနည်နေ့အထိမ်းအမှတ် သပိတ်စစ်ကြောင်း ထွက်ခဲ့

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ရွာတရွာမှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်ပျံဝဲနေတဲ့ကြားက အာဇာနည်နေ့အထိမ်းအမှတ် သပိတ်စစ်ကြောင်း ထွက်ခဲ့ကြတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ အဖွဲ့ဝင် ကိုမြတ်သူက ပြောပါတယ်။

ဇူလိုင် ၁၉ ရက် ဒီနေ့ကျရောက်တဲ့ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ ဒေသခံပြည်သူလူထုပူးပေါင်းပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီသပိတ်စစ်ကြောင်းထွက်နေတဲ့အချိန်မှာ ပေါက်တောင်ပိုင်းက ကျေးရွာတရွာမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်နေခဲ့တာဖြစ်လို့ သပိတ်စစ်ကြောင်းထွက်ခဲ့တဲ့ ကျေးရွာအနားသို့လည်း ရဟတ်ယာဉ်ပျံဝဲခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

"မနက်ခင်း သပိတ်စစ်ကြောင်း မစခင်မှာ ရဟတ်ယာဉ်တွေဝဲနေပေမယ့် ကျေးရွာပြည်သူလူထုက တက်ကြွစွာ ပါဝင်လာတဲ့အတွက် ရဟတ်ယာဉ်တွေဝဲနေတဲ့ကြားကပဲ သပိတ်စစ်ကြောင်းထွက်ခဲ့ပါတယ်” လို့ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ အဖွဲ့ဝင် ကိုမြတ်သူက ပြောပါတယ်။

အဲ့ဒီ သပိတ်စစ်ကြောင်းကို ကျောင်းသားပြည်သူ ၄၀၀ နီးပါး ပါဝင်ခဲ့ပြီး ၁၉ ဇူလိုင်မှာ ကျရောက်တဲ့ အာဇာနည်နေ့နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း - သူရအောင်၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပေါက်မြို့နယ် #အာဇာနည်နေ့ #သပိတ်စစ်ကြောင်း #ရဟတ်ယာဉ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10