လေပြင်းတိုက်ချိန်လွင့်လာတဲ့ သွပ်ပြားထိပြီး အမျိုးသမီး ၁ ဦး လည်ပင်းပြတ်ရှဒဏ်ရာရ

လေပြင်းတိုက်ချိန်လွင့်လာတဲ့ သွပ်ပြားထိပြီး အမျိုးသမီး ၁ ဦး လည်ပင်းပြတ်ရှဒဏ်ရာရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရှားတောကျေးရွာမှာ မတ်လ ၁၅ ရက်နေ့ ည ၁၀ နာရီခန့်က တိုက်ခတ်တဲ့လေပြင်းကြောင့် သွပ်ပြားထိမှန်ပြီး အမျိုးသမီး ၁ ဦး လည်ပင်းပြတ်ရှ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လေပြင်းတိုက်ခတ်လာတာကြောင့် ခြံထဲက ဆိတ်တွေမောင်းသွင်းနေချိန် လေပြင်းနဲ့အတူ လွင့်စင်လာတဲ့ သွပ်ပြားချပ်က အမျိုးသမီးရဲ့လည်ပင်းကို ထိမှန်ခဲ့တာကြောင့် ပြတ်ရှဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

"လေပြင်းတိုက်တဲ့အချိန် ဘယ်ကလွင့်လာလဲ မသိတဲ့သွပ်ပြားက အမျိုးသမီးလည်ပင်းကိုထိတာ။ ဒီထက်ပိုထိရင် လည်ပင်းသွေးကြောအပြတ်ပဲ" လို့ ပြောပါတယ်။


သွပ်ပြားထိမှန်ခဲ့သူဟာ ရှားတောရွာမှာနေထိုင်တဲ့ အသက် ၃၀ အရွယ် ဒေါ်နိုင်နိုင်မော် ဆိုသူဖြစ်ပြီး လည်ပင်းမှာ အကျယ် ၂ လက်မခန့် ပြတ်ရှဒဏ်ရာရရှိခဲ့တာဖြစ်ကာ ဆေးကုသမှုခံယူပြီး ပြန်လည်သက်သာနေပြီလို့ ဆိုပါတယ်။

လေပြင်းတိုက်ချိန်မှာ ကျေးရွာအတွင်းမှာရှိတဲ့ သစ်ပင်တွေ ကျိုးကျပျက်စီးတာတွေ ရှိခဲ့ပေမယ့် လူနေအိမ်တွေ ထိခိုက်ပျက်စီးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

မတ်လ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်းတွေ အပါအဝင် ဒေသအများစုမှာ အချိန်အခါမဟုတ် လေပြင်းတိုက်ခတ် မိုးကြီးနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တချို့ကလည်း ခန့်မှန်းသတိပေးထားပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10