လေယာဉ်ငယ်ဒရုန်းတွေနဲ့ စစ်ကောင်စီစခန်းတွေကို ဦးတည်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရဲစခန်းနဲ့ ပုလဲမြို့နယ် ထွေအုပ်ရုံးကို ဂျန်ဘာကျော်နိုင်တဲ့ လေယာဉ်ငယ်ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ သိရပါတယ်။

မတ်လ ၁၅ ရ‌က် မနေ့ကမနက် ၈ နာရီဝန်းကျင်မှာ Shar Htoo Waw Drone နည်းပညာအသုံးပြုထားတဲ့ တိုက်ခိုက်ရေး Fixed Wing Drone တွေ အသုံးပြုပြီး ဆားလင်းကြီးရဲစခန်းကို ဗုံးသီး ၂ လုံး၊ ညနေ ၅ နာရီမှာတော့ ပုလဲထွေအုပ်ရုံးကို ဗုံးသီး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး အထိခိုက်ပျက်စီးမှုကိုတော့ စစ်ကြောင်းရှိနေသေးလို့ အတည်မပြုနိုင်သေးဘူးလို့ Salingyi Special Task Force က ပြောပါတယ်။


လေယာဉ်ငယ်ဒရုန်းတွေဟာ ဂျန်ဘာကျော်နိုင်တဲ့အတွက် ပစ်မှတ်တွေကို အချိန်မရွေးတိုက်ခိုက်နိုင်ပေမယ့် ထုတ်လုပ်မှုပိုင်းမှာတော့ ငွေကြေးအခက်ခဲနဲ့ ပစ္စည်းအခက်ခဲတွေကြုံနေရပြီး အကူညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်၊

ဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း - ၄ (MSPDF)၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့၊ 001- အညာသား ပြောက်ကျားတပ်ဖွဲ့နဲ့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10