လေယာဉ်ဆီနဲ့လက်နက်ခဲယမ်းတွေ တင်လာတဲ့စစ်သင်္ဘော ပစ်ခတ်တိုက်ခိုက်ခံရ

လေယာဉ်ဆီနဲ့လက်နက်ခဲယမ်းတွေ တင်လာတဲ့စစ်သင်္ဘော ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့မှ ချင်းတွင်းမြစ်အထက်ပိုင်းသို့ ဆန်တက်လာသေ လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်သင်္ဘော၁ စီး နှင့် ဖလက်‌သင်္ဘောများကို အောက်တိုဘာလ ၇ ရက်နေ့တွင် မြွေပိုင်းတောင်အနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Triangle Force ဗိုလ်မင်းခေါင်က မြေလတ်အသံကို ပြောသည်။

စစ်သင်္ဘော အပါအဝင် စစ်ကောင်စီ ရေယာဉ်များသည် အောက်တိုဘာလ ၃ ရက်ကတည်းက အလုံ - စစ်ပင်ဆိပ်ကမ်းကနေ ထွက်လာခဲ့ပြီး ပွတ်လုံးရွာအနီးတွင်  ကာကွယ်ရေးတပ်ဖွဲ့များမှ ပထမအကြိမ် တိုက်ခိုက်ခဲ့သည်။  အောက်တိုဘာလ ၇ ရက်နေ့တွင် မြွေပိုင်းတောင်အနီးတွင် ဒုတိယအကြိမ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ပထမအကြိမ်တိုက်ခိုက်မှုတွင် စစ်ရေယာဉ်တစီး မီးလောင်ခဲ့သည်။ ဒုတိယအကြိမ်တွင် စစ်ကောင်စီဘက် အကျအဆုံးများရှိ၍ ထိခိုက်မှုများစွာ ရရှိထားကြောင်း ကနဦး သတင်းအရ သိရှိထားသော်လည်း မြေလတ်အသံမှ သီခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

 "ပထမအကကြိမ်က ကနီနဲ့ချိုင်အကြား ပွတ်လုံးဒေသမှာ ၄ ရက်နေ့ နေ့လည် ၁၂ နာရီမှာ စောင့်ကြိုတိုက်ခိုက်တာ၊ ဒီနေ့ဒုတိယအကြိမ်က ကဲဒေါင့်ရွာရဲ့အထက် မြွေပိုင်း‌တောင်နား ၇ နာရီ ၉ မိနစ်မှ ကျနော်တို့စတင်တိုက်ပွဲဖြစ်တာ၊ စစ်သင်္ဘော ၁ စီးအပါအဝင် ၁၃ စီးကိုပစ်ခတ်ခဲ့တာ၊ ခဲယမ်းလက်နက်ပစ္စည်း ရိက္ခာနဲ့လေယာဉ်ဆီတွေတင်ဆောင်လာတာ၊ အင်အားကတော့ ၁ စီးကို ၃၀ လောက်ပါတယ်၊ ဒီနေ့ကျဆုံးတာကတော့စုံစမ်းနေဆဲပါ၊ ဒီနေ့ည အထိတော့အဲဒီစစ်သင်္ဘောတွေက မင်းကင်းနယ်ထဲမှာ ရှိနေတုန်းပါ" လို့ ဗိုလ်မင်းခေါင်ကပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း (GTF)၊ တပ်ခွဲ(၂) ယက္ခညီနောင်၊ တပ်ခွဲ(၄) စစ်ကျွန်မခံမြွေဆိုးတသိုက်၊ တပ်ခွဲ (၅) Eagle Freedoom Fighter lChindwin Counter Colum၊ မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10