လေယာဥ်ပစ်ကူပြီး တပ်လာချထားတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ၂ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်ရွာမှာ Mi-35 နဲ့ ပစ်ပြီး တပ်လာချတဲ့ စစ်ကောင်စီတပ်သားတွေ ဧပြီလ ၉ ရက် ညနေပိုင်းမှာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂၈ လုံးကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ဗိုလ်လက်ယာဆီက သိရပါတယ်။

ဧပြီလ ၉ ရက် ညနေ ၄ နာရီခွဲကနေ ည ၆ နာရီအတွင်းမှာ ညောင်ရွာထဲ‌ကနေ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်သား ၈ ယောက်ကို တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။


အဲ့ဒီစစ်ကြောင်းဟာ ဧပြီလ ၈ ရက်က မုံရွာမြို့ ပုလဲဘက်ကနေ Mi-35၊ Mi-70 လေယာဉ် ၂ စီးနဲ့ မြိုင်မြို့နယ် ညောင်ရွာကျေးရွာကို အင်အားချသွားပြီး ဧပြီလ ၉ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးကြဲချခံရလို့ ညောင်ရွာကပ်လျက်က အိုင်းမရွာကို မီးရှို့သွားတာလို့ ဆိုပါတယ်။

ညောင်ရွာမှာ တပ်လာချတဲ့ စစ်အုပ်စုဟာ တပ်မ ၉၉ လက်အောက်ခံ ဘီးလူးစစ်ကြောင်းကလို့ သိရပြီး ဗုံးကြဲချခံရပြီး အိုင်းမကျေးရွာက နေအိမ် ၂၀ ကျော်ကို မီးရှို့သွားကာ မြိုင်နယ်ကနေ ပြန်ထွက်သွားကြတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ ရင်း ၁ ရင်း ၂ နဲ့ PKU Thurain Black Cobra တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10