သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ သရဖီလမ်းမှာ မီးလောင်ပြီး နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၃ ရက်ည ၁၀ နာရီကျော်ခန့်မှာ သရဖီလမ်းနေ ဦးစန်းယုနေအိမ်ကနေ မီးစတင်လောင်ကျွမ်းပြီးဘေးအိမ်တွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။
"လျှပ်စစ်မိန်းခုံ ရှော့ဖြစ်မီးလောင်ပြီး အောက်မှာရှိတဲ့အိပ်ယာခင်းပေါ်မီးပွားကျတာ၊ မီးစာတွေ ကျတာပေါ့။ အဲ့ကနေတဆင့် နေအိမ်ထရံတွေကိုမီးကူးပြီး နေအိမ်မီးလောင်တာပါ။"လို့ ဒေသခံတဦးက ပြောပါတယ်။
မီးလောင်မှုဖြစ်ပြီး ဦးစန်းယုနေအိမ်အပါအဝင် သစ်သားအိမ် ၂ လုံးနဲ့ အုတ်တိုက်နေအိမ် ၂ လုံးစုစုပေါင်း နေအိမ် ၄ လုံးမီးလောင်ပျက်စီးပြီး လူထိခိုက်တာမျိုးတော့မရှိဘူးလို့ ဆိုပါတယ်။
နေအိမ်တွေမီးလောင်ပျက်စီးမှုကြောင့် ကျပ်သိန်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
မီးလောင်မှုဖြစ်တဲ့နေရာကို မုံရွာမြို့နယ်မီးသတ်၊ မုံရွာခရိုင်မီးသတ်၊ အရန်မီးသတ်၊ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံပြည်သူတွေ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကာ မီးလောင်ပြီး တနာရီကျော်အကြာမှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂ ရက်ကလည်း မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်၊ စွယ်တော်လမ်းမှာ ရွှေခြူးဂွမ်းဖက်စက်ရုံ မီးလောင်လို့ ကျပ်သိန်းရာချီ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ပုံ - စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #နေအိမ် #မီးလောင်
Share Share Share