လှည့်ကင်းလာတဲ့ စစ်ကောင်စီ ရဲအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

လှည့်ကင်းလာတဲ့ စစ်ကောင်စီ ရဲအဖွဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကြက်တက်ညောင်ပင်ကျေးရွာ စာသင်ကျောင်းအနီးမှာ လှည့်ကင်းလာတဲ့ စစ်ကောင်စီ ရဲအဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ တောင်ငူခရိုင် ၃၅၀၁ တပ်ရင်းဆီက သိရပါတယ်။

မေ ၂၈ ရက် နေ့လယ် ၂ နာရီခန့်မှာ အင်အား ၁၀ ဦးခန့်နဲ့ စာသင်ကျောင်းမှာ ကျောင်းအပ်တာကို လာကြည့်ပြီး လှည့်ကင်းလှည့်နေတဲ့ရဲအဖွဲ့ကို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

"သူတို့တွေက ကျောင်းအပ်တာကိုလာစစ်ပြီး ပြန်ထွက်လာတဲ့အဖွဲ့လို့တော့ သိရတယ်။ အဲ့ဒါကို ကျနော်တို့ရဲဘော်တွေဘက်က အလစ်ချောင်းပြီး ပစ်ခတ်ခဲ့ကြတာ။ ပစ်ခတ်ချိန်ကတော့ သိပ်မကြာလိုက်ဘူး"လို့ တောင်ငူခရိုင် ၃၅၀၁၊ တပ်ခွဲ ၁၊ ထောက်လှမ်းရေးတာဝန်ခံကပြောပါတယ်။

ပစ်ခတ်မှုအတွင်းမှာ ရဲ ၃ ဦးသေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားပြီး တစ်နာရီခန့်အကြာမှ ရဲနဲ့စစ်ကောင်စီတပ် စစ်ကူတွေရောက်လာကာ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

၂၀၂၃ ဩဂုတ် ၃၁ ရက်ကလည်း ထန်းတပင်မြို့နယ်၊ မြို့ဆိုးကျေးရွာနဲ့ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲကျေးရွာအစပ် စစ်တောင်းမြစ်ကူးတံတားမှာစောင့်နေတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အုတ်တွင်း #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10