လှည်းလမ်းအတိုင်းလမ်းလျှောက်လာတဲ့ ကောက်စိုက်သမ ၂ ဦး ကားတိုက်ခံရလို့ ၁ ဦးသေဆုံး

လှည်းလမ်းအတိုင်းလမ်းလျှောက်လာတဲ့ ကောက်စိုက်သမ ၂ ဦး ကားတိုက်ခံရလို့ ၁ ဦးသေဆုံး

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ လဲလူကျေးရွာအနီး ကန်ပြား-မြို့သစ်-နေပြည်တော် ကားလမ်းမှာ အောက်တိုဘာ ၄ ရက် မနက် ၇ နာရီလောက်က ကောက်စိုက်လာတဲ့ အမျိုးသမီး ၂ ဦး ကားတိုက်ခံရပြီး ၁ သေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကားတိုက်ခံရသူတွေဟာ လဲလူကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ဒေါ်စန်းစန်းကြည်နဲ့ အသက် ၃၆ နှစ်အရွယ် ဒေါ်ခင်မာလွင်တို့ဖြစ်ပြီး ရွာကနေ ကားလမ်းဘေးအတိုင်း လမ်းလျှောက်လာချိန် ကားလမ်း မိုင်တိုင်အမှတ် ၅၄/၂ အနီးအရောက်မှာ မကွေးဘက်ကလာတဲ့အိမ်စီးကားက ဝင်တိုက်ခဲ့တာဖြစ်ပြီး ကားကတော့ ဘေးလယ်ကွင်းထဲ ထိုးကျခဲ့ပါတယ်။ 

"ကားက အရှိန်လွန်ဘရိတ်ပေါက်ပြီး ဝင်တိုက်တာ။ သူတို့က ကောက်စိုက်ဖို့ လှည်းလမ်းအတိုင်းသွားနေတာ။” လို့ ဒေသခံတဦးက ပြောပါတယ်။

ကားတိုက်ခံရတာကြောင့် ဒေါ်စန်းစန်းကြည်က နေရာတင်သေဆုံးခဲ့ကာ ဒေါ်ခင်မာလွင်ကတော့ ညာလက်ကျိုး၊ ဦးခေါင်းပေါက်ဒဏ်ရာရပြီး ကားပေါ်ပါသူတွေကတော့ ထိခိုက်မှုမရှိကြဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ သေဆုံးဒဏ်ရာရသူတွေကိုတော့ မြို့သစ်ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။ 

၂၀၂၃ စက်တင်ဘာ ၁၁ ရက်ကလည်း မြို့သစ်မြို့နယ်၊ ပေကံကုန်းကျေးရွာနဲ့ တပ်ကုန်းကျေးရွာကြား မကွေး-ကန်ပြား-နေပြည်တော်သွားကားလမ်းမှာ ခရီးသည်တင်ယာဥ်နဲ့ ဆိုင်ကယ်တိုက်မိခဲ့တာကြောင့် ဆိုင်ကယ်မောင်းသူတဦး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း။

#မြေလတ်အသံ 

#မကွေး #မြို့သစ် #လဲလူကျေးရွာ #အမျိုးသမီး #ကားတိုက် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10