လှတောတိုက်နယ်ရဲစခန်း စီးနင်းခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောတိုက်နယ်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်ဆီက သိရပါတယ်။ 

အဲ့ဒီ လှတောတိုက်နယ်ရဲစခန်းမှာ စစ်ကောင်စီအင်အား ၄၀ ကျော်တပ်စွဲနေပြီး ယမန်နေ့ အောက်တိုဘာ ၁၀ ရက်ညနေ ၆ နာရီကနေစပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

တိုက်ခိုက်ချိန်မှာ မိုးအဆက်မပြတ်ရွာသွန်းနေလို့ လက်နက်ကြီးအနည်းငယ်သာ ပစ်ခတ်နိုင်ပြီး စခန်းရဲ့ဘန်ကာနဲ့ ပေ ၄၀ အကွာလောက်ကနေ လက်နက်ငယ်တွေနဲ့ စီးနင်းတိုက်ခိုက်ခဲ့ရလို့ စခန်းကိုတော့ မသိမ်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ နယ်မြေသတင်းပေးတွေက တဆင့်ကြားသိရသလို စခန်းနောက်မှာ အမိန့်ပြန်သေနတ်ဖောက်ပြီး မီးသင်္ဂြိုဟ်လို့ ထွက်လာတဲ့ မီးခိုးတွေကိုလည်း မြင်တွေ့ကြရတယ်လို့ တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောပါတယ်။

တိုက်ပွဲမှာ ဆားတောင်မိုကြိုးအဖွဲ့ထဲက ရဲဘော်ကုလားကတော့ ကျည်ထိမှန်ပြီး‌ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ လှတောတိုက်နယ်ရဲစခန်းဘေးက နေအိမ် ၅ လုံးကို စစ်ကောင်စီအဖွဲ့က မီးရှို့လိုက်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်၊ တိုက်နယ်နဲ့ နယ်မြေခံပကဖ၊ Zero Power၊ ဆားတောင်မိုးကြိုးနဲ့ မဟာမိတ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #ရဲစခန်း #စစ်ကောင်စီ #စီးနင်းတိုက်ခိုက်မှု #သေဆုံး #ပကဖ #Zeroပြောက်ကျားတပ်မဟာ #ZeroPower၊ #ဆားတောင်မိုးကြိုး #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10