လှတောရောက် ဗန်ဂိုး (ရုပ်/သံဆောင်းပါး)

စစ်ရေးအခြေအနေတွေကြောင့် လမ်းမသလားဖြစ်ဘဲ ရွာမှာသောင်တင်နေတာကြာပြီဖြစ်တဲ့ မောင်ဗန်ဂိုး တယောက် ကိုယ့်မြို့နယ်အတွင်းက နာမည်ကြီး 'လှတောရွာ' ကိုသွားဖို့ မနက် ၇ နာရီအချိန်လောက် စောစော ထွက်လာခဲ့ပါသည်။ စီးတော်ယာဉ်မှာ တရုတ်ဆိုင်ကယ်အစုတ်လေးဖြစ်ပြီး မကြာခဏလည်း ထိုးရပ်တတ်သေးသည်။ 

ဆောင်းရာသီ မနက်ခင်းကို ဆိုင်ကယ်နဲ့သွားရသဖြင့် အအေးဒဏ်ကိုကြံ့ကြံ့ခံနိုင်ဖို့ အနွေးထည်အထူများ ၀တ်ဆင်ထားရပြီး လည်ပင်းပတ်ပုဝါတခုလည်း ခြုံထားရသေးသည်။ ဘေးလွယ်အိတ်ကြီးတကားကား၊ မျက်မှန်ကြီး တ၀င်း၀င်းနှင့် မောင်ဗန်ဂိုး၏ ပုံစံမှာ ကိုးရို့ကားယား။

ပုံမှန်ဆို ၀က်လက်မြို့အထိရောက်‌အောင်သွားပြီးမှ လှတောဘက်ကို သွားရပေမယ့် ၀က်လက်-လှတောကား လမ်းမှာ ပီဒီအက်ဖ်တွေဘက်က ပိတ်ထားတာကြာပြီဖြစ်သည်။ ၀က်လက်နှင့် မန်ကျီးတုံကြားကားလမ်းကိုသာ ပိတ်ထားခြင်းဖြစ်ပြီး မန်ကျီးတုံရောက်လျှင် လှတောအထိ ပုံမှန်အတိုင်းသွားလာနိုင်သည်။ သို့ဖြစ်၍ ၀က်လက်အထိ ရောက်အောင်မသွားတော့ဘဲ အခြားရွာများကြားမှ ဖြတ်သွားရမည်။ 

ဆောင်းပါး - ဗန်ဂိုး၊ တည်းဖြတ် - HP

#မြေလတ်အသံ

#လှတော #ဝက်လက် #စစ်ကိုင်း #ခရီးသွားဆောင်းပါး #ရုပ်သံဆောင်းပါး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10