လှတောရဲစခန်း တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး ဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရဲစခန်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက် မနက်ပိုင်းက‌နေ ညနေ ၅ နာရီကျော်အထိ လှတောရဲစခန်းရှိ ရဲနဲ့စစ်သားအင်အား ၃၀ လောက်ရှိတာကို သွားရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Bo Tiger - ဗိုလ်ကျားကြီးအဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။


"ညနေပိုင်း အပြန်အလှန်ပစ်ခတ်နေချိန်မှာ မုံရွာ နမခ က လေယာဉ်နဲ့ ပစ်တာကြောင့်ပြန်ဆုတ်လာခဲ့တာ၊ ၅ ယောက်သေဆုံးပြီး ၂ ယောက်အပြင်းအထန် ဒဏ်ရာရတယ်၊ အဲဒါလည်း ကျနော်တို့ ဒရုန်းနဲ့ကြည့်လို့ သိရတာပါ" လို့ ပြောပါတယ်။

မုံရွာ နမခ ဘက်က လေယာဉ်နဲ့လာပစ်လို့ ပစ်ခတ်သံတွေကြားပြီး ကျီးကန်တောင်ရွာက အသက် ၇၀ ကျော် အဖိုးတဦးလည်း လန့်ပြီး သေဆုံးခဲ့ကာ၊ အရပ်သား ၂ ဦးလည်း ယမ်းစထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်ကျားကြီးက ဆိုပါတယ်။

လှတော ရဲစခန်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ် ဆိုပေမယ့် ဒီထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည် မပြုနိုင်သေးပါဘူး။

ရဲစခန်းကို သိမ်းနိုင်ဖို့ အခြေအနေရှိပေမယ့် ညနေပိုင်းမှာ စစ်ကောင်စီဘက်က စစ်ကြောင်းပစ်ကူလို့ စခန်းမသိမ်းနိုင်ဘဲ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Bo Tiger- ဗိုလ်ကျားကြီး၊ ရဲရဲတောက်အဖွဲ့၊ GZ Special ထောက်ပို့အဖွဲ့ နဲ့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10