လှတောရွာအနီး တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးရဲဘော်တဦး သေဆုံး

လှတောရွာအနီး တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးရဲဘော်တဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းမှာရှိနေတဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အောက်တိုဘာ ၁၀ ရက်မနေ့ည ၇ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း တွေ့မရှောင်ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

"၇ နာရီကနေ ၈ နာရီအထိ ပေါက်ပေါက်ဖောက်သလိုကို ပစ်တာပဲ။ မနားဘူး။ နှစ်ဖက်ကြား ကန်ပစ်(အပြန်အလှန်ပစ်) ကြတာ"လို့ ဒေသခံအမျိုးသားတဦးက မြေလတ်အသံကိုပြောပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ရပ်သွားချိန်မှာလည်း စစ်အုပ်စုဘက်က လက်နက်ကြီးနဲ့ ကျေးရွာထဲကို ပစ်လို့ လှတောကျေးရွာက အသက် ၅၀ အရွယ် အမျိုးသမီးတဦး ဒဏ်ရာပြင်းထန်ရပြီး လက်တဖက်ပါဖြတ်လိုက်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဒါ့အပြင် လှတောရွာအပါအဝင် ကျီးကန်တောင်ရွာ၊ ကျီးကန်မြောက်ရွာက ဒေသခံတွေလည်း ညတွင်းချင်း တိမ်းရှောင်ခဲ့ရပါတယ်။ 

ဒါ့အပြင် မနေ့ ညနေ ၆ နာရီလောက်မှာ လှတောရွာရဲစခန်းကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီကား သုံးစီးကိုလည်း လှတောရွာရဲ့မြောက်ဘက် သနကျေးရွာအနီးမှာ ကာကွယ်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် တစီးကနေရာတင်ပျက်ကျန်ခဲ့ပြီး ကျန် ၂ စီးသာ ရွာထဲကို ရောက်လာတယ်လို့ ဆိုပါတယ်။ 

အောက်တိုဘာ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာတော့ ရဲစခန်းဝန်းအတွင်း စစ်သားအင်အားထပ်တိုးကာ လှတောကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ဝက်လက် #လှတော #စစ်ကောင်စီ #ကာကွယ်ရေးတပ် #တိုက်ခိုက် #ရဲဘော်သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10