လှေခွင်းတောင် အပန်းဖြေစခန်းအနီး ပေါင်းလောင်းမြစ်အတွင်း လူငယ် ၂ ဦး ရေနစ်သေဆုံး

လှေခွင်းတောင် အပန်းဖြေစခန်းအနီး ပေါင်းလောင်းမြစ်အတွင်း လူငယ် ၂ ဦး ရေနစ်သေဆုံး

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်အုပ်စုရှိ လှေခွင်းတောင် အပန်းဖြေစခန်းအနီး ပေါင်းလောင်းမြစ်အတွင်းမှာ မေလ  ရက်မနေ့ညနေပိုင်းက လူငယ်  ဦး ရေနစ်သေဆုံးသွားတယ်လို့ သိရပါတယ်။

လှေခွင်းတောင် ကမ်းခြေအပန်းဖြေစခန်း၊ ပေါင်းလောင်းစားသောက်ဆိုင်အနီး သာယာဝှမ်း ကျေးရွာဘက်ခြမ်း၊ ပေါင်းလောင်းမြစ်အတွင်းမှာ လူငယ်အမျိုးသား  ဦးနဲ့ အမျိုးသမီး  ဦးဟာ သူငယ်ချင်းတွေနဲ့အတူ ရေကူးနေချိန် ရေနစ်သေဆုံးခဲ့တာလို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

"သူတို့   ယောက်က အခြားသူငယ်ချင်းတွေနဲ့အတူ ရေဆော့နေတာဘဲ။ အခြားအပန်းဖြေလာ သူတွေလည်း ရေကစားနေကြသူတွေ အများသားဘဲ။ အဲဒီမှာမှ သူတို့က ရေနက်တဲ့နေရာရောက်ပြီး နစ်သွားတာ။ တနာရီလောက်အကြာရှာဖွေပြီးမှအလောင်းပြန်ရတာလို့ ပြောပါတယ်။

ရေနစ်သေဆုံးသွားသူတွေဟာ ၁၆ နှစ်အရွယ် အမျိုးသားနဲ့ ၁၈ နှစ်အရွယ်အမျိုးသမီးတို့ဖြစ်ပြီး ပျဉ်းမနားနဲ့ ပုပ္ပသီရိမြို့တွေမှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

လူငယ်  ဦးရေနစ်တာကို ဒေသခံတွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေက ဝိုင်းဝန်းရှာဖွေ ကယ်ဆယ်ခဲ့ကြ ပေမယ့် သေဆုံးနေတဲ့အလောင်းကိုသာ ပြန်ရခဲ့ကာ ရုပ်အလောင်းတွေကို ဒေသခံနာရေးကူညီမှုအသင်း ကားနဲ့ နေပြည်တော်ကုတင် ၁၀၀၀ဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

လှေခွင်းတောင်အပန်းဖြေစခန်းဟာ နေပြည်တော်အတွင်း မြို့နယ်တွေအပါအဝင် နေပြည်တော်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်းအတွင်း မြို့နယ်တွေက အများဆုံး လာရောက်အပန်းဖြေ ရေလာကူးကြပြီး အခြားဒေသတွေက လာရောက်သူတွေလည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ဇမ္ဗူသီရိမြို့နယ်မှာ နေထိုင်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသား  ဦး ပေါင်းလောင်းမြစ်အတွင်း ရေနစ်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10