ဝက်လက်က စားနပ်ရိက္ခာခက်ခဲနေတဲ့ စစ်ရှောင်တွေကို ရွှေဘိုထောက်ပို့အဖွဲ့က ထောက်ပံ့ပေး

ဝက်လက်က စားနပ်ရိက္ခာခက်ခဲနေတဲ့ စစ်ရှောင်တွေကို ရွှေဘိုထောက်ပို့အဖွဲ့က ထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က စားနပ်ရိက္ခာခက်ခဲနေတဲ့စစ်ရှောင်ပြည်သူတွေကို လူဦးရေ ၁၅၀ စာ စားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့အဖွဲ့ဆီကနေ သိရပါတယ်။

ပေါက်ကန်ရွာမ၊ ပေါက်ကန်ဘူတာအနီးကဒေသခံတချို့၊ ညောင်ပင်ကြီးတော၊ ဇီးဖြူကုန်း၊ ကန်ရွာ စတဲ့ရွာတွေက နေအိမ်မီးရှို့ခံထားရတဲ့ ဒေသခံ ၁၅၀ ကျော်အတွက် အောက်တိုဘာလ ၁၀ ရက်က ဆန်၊ ဆီ၊ ကြက်သွန်၊ ခေါက်ဆွဲခြောက် စတဲ့စားနပ်ရိက္ခာတွေ ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။

"ဒေသခံတွေစစ်ရှောင်နေရတာကြာပြီဆိုတော့ စားဖို့ကိုသူတို့မှာအခက်အခဲဖြစ်နေတာ။ ကာကွယ်ရေး ရဲဘော်တွေကို အကူညီတောင်းပြီး သူတို့ကို သွားလှူခဲ့ပါတယ်"လို့ ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့အဖွဲ့ မှ ကိုကေဂျေက ပြောပါတယ်။

ပေါက်ကန်ကျေးရွာအနီး မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်းပြုပြင်နေတဲ့ စစ်တပ်က အနီးနားကျေးရွာတွေကိုပါ စစ်ကြောင်းထိုးတာမို့ ပေါက်ကန်အပါ အဝင် ၇ ရွာထက်မနည်းက ဒေသခံ ၁,၀၀၀ ကျော်ဟာ တလကျော်အကြာရှောင်တိမ်းနေရပြီးနောက် စားနပ်ရိက္ခာအခက်အခဲတွေ ဖြစ်ပေါ်နေတာလို့ ဒေသခံတွေထံက သိရပါတယ်။

ဝက်လက်သတင်းကွန်ယက် (Wetlet information Network) က ကိုနဂါးလေးကလည်း စစ်ရှောင်ပြည် သူ ၇၅၀ ကျော်က စားနပ်ရိက္ခာအကူအညီတောင်းနေတာမို့ ပြည်သူများအနေနဲ့ ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

စက်တင်ဘာလ ၆ ရက်ကတည်းက ပေါက်ကန်ဘူတာအနီး စစ်ကောင်စီတပ်က ရထားလမ်းပြုပြင်ဖို့နဲ့ရထားလုံခြုံရေးပေးဖို့အတွက်ရောက်ရှိနေပြီး ဒေသခံနေအိမ်တွေကိုမီးရှို့တာ၊ ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #စစ်ရှောင် #စားနပ်ရိက္ခာ #ခက်ခဲမှု #လှူဒါန်းပေး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10