ဝက်လက်နယ်ကစစ်ရှောင်တွေကို ထမင်းတနပ်စာကျွေးပြီး ကလေးငယ်တွေကို စာရေးကိရိယာထောက်ပံ့(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေတိုက်တောင်ကျေးရွာက စစ်ဘေးရှောင်တွေကို ထမင်းတနပ်စာကျွေးပြီး ကလေးငယ်တွေကို စာရေးကိရိယာထောက်ပံ့ခဲ့တယ်လို့ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။

ရှိန်းမကားရွာဘက်ကနေ ရွှေတိုက်တောင်ကျေးရွာကို စစ်ဘေးရှောင်လာရတဲ့ စစ်ဘေးရှောင်နဲ့ကလေးငယ် ၁၂၀ ဝန်းကျင်ကို စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းမှာထမင်းတနပ်ကျွေးခဲ့တဲ့အပြင် အဲ့ဒီထဲက စစ်ရှောင်ကလေးငယ် ၇၂ ဦးကို စာရေးကိရိယာထောက်ပံ့ခဲ့ပြီး ငွေကျပ် ၈ သိန်း ကုန်ကျခဲ့တယ်လို့ ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ တာဝန်ခံ ကိုနေမင်းခန့်က ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ကလေးငယ်တွေအတွက်စာသင်ဆောင်နဲ့ စာရေးကိရိယာလည်း ထပ်မံလိုအပ်နေသေးတယ်လို့ သူက ဆက်ပြောပါတယ်။ 

အဲ့ဒီစစ်ဘေးရှောင်နဲ့ကလေးငယ်တွေဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် ရှိန်းမကားရွာကနေ စစ်ဘေးရှောင်လာတာ ၁ နှစ်နီးပါးလောက်ရှိနေပြီလို့လည်း သိရပါတယ်။ 

တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10