ဝက်လက်နယ်ကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေးနေရ

ဝက်လက်နယ်ကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မြောက်ဘက်ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅,၀၀၀ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လှတောရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ သြဂုတ် ၃၀ ရက် ဒီနေ့ မနက် ၆ နာရီလောက်က ရွှေကျင်ရွာကို စတင်စစ်ကြောင်းထိုးခဲ့ပြီးနောက် ပုဏ္ဏားရွာကနေတဆင့် ကျေးသီးကုန်းရွာထဲကို ဝင်ရောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုစစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်က ကျီးကန်မြောက်ရွာက ဒေသခံအမျိုးသား ၃ ဦး ကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၁ ဦးကိုလည်း အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

"အင်အား ၉၀ လောက်ပါတယ်။ ရွာတွေကိုပဲ သက်သက်လိုက်မွှေနေတာ။ ရွာထဲတော့ ဒေသခံတွေ မကျန်ဘူး။ အကုန်ပြေးနေကြတယ်" လို့ ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းကြောင့် ယင်းတော၊ စင်းတဝဲအရှေ့ရွာ၊ စင်းတဝဲအနောက်ရွာ၊ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး၊ ရွှေတောင်၊ ထန်းကြီး၊ စင့်ဘာစတဲ့ကျေးရွာတွေက ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #စစ်တပ် #စစ်ကြောင်းထိုး #လှတောရဲစခန်း #ကျီးကန်မြောက်ရွာ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10